Chapter - 88

2.7K 449 1
                                    

[Unicode]

{စာမလေ့လာရင် အစ်ကိုသေမယ်၊ ဟုတ်ပြီနော်?}

ဒီကမ္ဘာကိုရောက်လာတည်းက ဒီကိုယ်က သနားစရာကောင်းလောက်အောင် အားနည်းလွန်းတာကြောင့် နဉ်ရှု ဘယ်သူ့ကိုမှ သူမကိုယ်တိုင် မရိုက်ခဲ့ဖူးပေ။

သို့သော်လည်း ဝမ်ရူဟွားကတော့ အမှန်တကယ်ကိုပင် သူမကို အင်မတန်ရွံရှာသွားရစေသည်။ သူက သူ့ကိုယ်သူ ပိုကောင်းတယ်ထင်ရဖို့ မိန်းမတွေကို အနိုင်ကျင့်၊ အရှက်ခွဲတတ်ကာ ပိုင်ချင်ရှန်းက ကတိတစ်ခုကိုဖောက်ဖျက်ခဲ့တဲ့အချက်ကို အသုံးပြုကာ သူကပဲမှန်ပြီး မိန်းမတွေအားလုံးက မကောင်းတဲ့သူတွေလို့ယုံကြည်ထားသည်။ သူက တကယ်ကို အမှိုက်ကောင်ပဲ။

သူမက တကယ် ပိုင်ချင်ရှန်းဖြစ်နေခဲ့ရင်တောင် သူမက ဝမ်ရူဟွားအပေါ် ဘာတစ်ခုမှအကြွေးတင်မနေပေ။ ပြီးဆုံးသွားခဲ့ပြီဖြစ်သော ကတိတွေကို ဖက်တွယ်ပြီး သူ့အတွက်သူ စိတ်မကောင်းဖြစ်နေခဲ့သူက ဝမ်ရူဟွားပင်ဖြစ်သည်။

"ယွဲ့လန်၊ နင့်အလှည့်။ နင့်မမလေး နည်းနည်းပင်ပန်းနေပြီ။"

နဉ်ရှုရဲ့လက်တွေက ကြိမ်ဖန်များစွာရိုက်နှက်ထားမှုကြောင့် တုန်ရီနေသည်။

"မင်း လုပ်ရဲတယ်ပေါ့!?"

ဝမ်ရူဟွားက သူ့မျက်နှာကို လက်ဖြင့်ကိုင်ကြည့်လိုက်ကာ နဉ်ရှုကို မယုံနိုင်သလိုကြည့်၏။

"မင်း ငါ့ကို တကယ်ရိုက်တယ်!?"

နဉ်ရှုက သူမလက်ကိုပါးစပ်ဖြင့်မှုတ်လိုက်ပြီး‌နောက် သူ့ကို ဂရုမစိုက်သလိုကြည့်သည်။

"ရှင် ကျွန်မရှေ့မှာ ထပ်ဟောင်ရဲရင် ဒီသခင်မက ရှင့်ကို ဒုက္ခိတဖြစ်အောင်လုပ်ပစ်လိုက်မယ်!"

"ပိုင်ချင်ရှန်း၊ ငါ မင်းကို သတ်မယ်!"

ဝမ်ရူဟွားက အမွေခံဓားကိုယူဖို့ အခန်းထဲပြေးဝင်သွားချင်ခဲ့တာဖြစ်သော်လည်း နဉ်ရှုက အေးစက်စွာပင်ပြောလာ၏။

"သေချာရဲ့လား? ညီမမှာ သိုင်းပညာကျွမ်းကျင်တဲ့သက်တော်စောင့်တစ်ယောက်ရှိနေသေးတယ်။ ညီမ ဒီခရာကိုမှုတ်လိုက်တာနဲ့ အစ်ကို ညီမကိုသတ်ဖို့ အခွင့်အရေးမရခင်မှာတင် စမ်းချောင်းဝါကို ဖြတ်သွားရလိမ့်မယ်။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now