Chapter - 119

2.7K 489 16
                                    

Unicode

ရှင့်ကိုယ်ကနံတယ်
_________________

ကုန်းဝူမေ့ရဲ့မျက်နှာအမူအရာက အနည်းငယ်မှုန်မှိုင်းလျက်ရှိတာကိုတွေ့လိုက်ရသည်မို့ နဉ်ရှု သူ့ကိုရန်စနေတာကိုရပ်လိုက်သည်။ ခဏမျှငြိမ်သက်သွားပြီးနောက် ကုန်းဝူမေ့ကဆို၏။

"ဒါကြောင့်မို့ပဲ မင်းက အရမ်းလည်းလှပြီးသန့်စင်တဲ့ယင်ခန္ဓာကိုယ်ပါရှိတဲ့အချက်က ကိုယ့်အတွက်တော့ တကယ်ကိုကျေနပ်အံ့သြဖို့ကောင်းနေတာပေါ့။"

နဉ်ရှုက ထီမထင်ဟန်ဖြင့်ရယ်ကာ မျက်လုံးမှိတ်လိုက်ပြီး သူ့ကိုလျစ်လျူရှုလိုက်လေတော့၏။ ဒီတစ်ခါတော့ တစ်ယောက်ယောက်ကိုတွန်းချဖို့က အဲ့လောက်လွယ်ကူမနေဘူးဆိုတာ သူသိရလိမ့်မယ်။ အခု ဒီသခင်မကြီးမှာ သူ့ကို အထက်ကောင်းကင်ဘုံပို့ဖို့အထိလုံလောက်တဲ့အဆိပ်တွေရှိနေပြီ!

နတ်ဆိုးဂိုဏ်းက ခုခံကာကွယ်ဖို့လွယ်ကူတဲ့ ချောက်ကမ်းပါးတစ်ခုထက်မှာရှိသည်။ သူတို့က တောင်တစ်ဝက်ကို လမ်းတွေဖောက်ထားပြီး ဂူတွေထဲမှာနေထိုင်ကြသည်။ သူတို့က ကြွက်တွေလို ဂူထဲမှာနေနေကြပေမယ့် ကုန်းဝူမေ့ကတော့ သူနေတဲ့နေရာကို အဆုံးမဲ့နန်းတော်ဟုခေါ်ရဲသေး၏။ ဒါက တကယ်ကိုအရှက်မဲ့လွန်းတာပဲ။

နဉ်ရှုက ရထားလုံးထဲမှဆင်းကာ တောင်ကိုမော့ကြည့်လိုက်ပြီးနောက် စိတ်ပျက်မှုတို့ဖြင့်စုတ်သပ်၏။ ကုန်းဝူမေ့က သတိထားမိကာမေးသည်။

"ဒါဘယ်လိုအမူအရာမျိုးလဲ? မင်းက ကိုယ့်ရဲ့အဆုံးမဲ့နန်းတော်ကို အထင်သေးနေတာလား?"

"ဒီတော့ ရှင်ကလည်း လူတွေက ရှင့်ရဲ့နတ်ဆိုးဂိုဏ်းကို မကြိုက်မှန်းသိလို့ ဒီနေရာမှာပုန်းနေခဲ့တာပေါ့။"

နဉ်ရှုက စိတ်ပျက်ဟန်ဖြင့် နှုတ်ခမ်းတို့ကိုကွေး၏။

"သမာသမတ်ဂိုဏ်းတွေက ဒီလောက်များတဲ့မိန်းမတွေကို ပြန်ပေးဆွဲလို့ဆိုပြီး ရှင့်ကိုတိုက်ခိုက်မှာ မစိုးရိမ်ဘူးလား?"

ကုန်းဝူမေ့က အေးစက်စွာရယ်သည်။

"ဘာအရေးလဲ? ဘယ်သူကများ ကိုယ့်ဂိုဏ်းကို တိုက်ခိုက်ဖို့ကြိုးစားရဲလဲဆိုတာ ကိုယ်တကယ်သိချင်မိရဲ့။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now