Chapter - 31

5.7K 963 159
                                    

[Zawgyi]

{ကြီးကျယ်သောကမ္ဘာသစ်တစ်ခု}

ဝန်ကြီးချုပ်အိမ်တော် - အမျိုးသမီးအခန်းတစ်ခန်းတွင်။

အခန်းက ပြင်းထန်သောအနံ့အသက်တစ်မျိုးနဲ့ပြည့်နေကာ ကုတင်ပေါ်တွင်လှုပ်ရှားနေသောပုံရိပ်နှစ်ခုကို လရောင်ဖောက်ကာဖြာကျနေသောခန်းဆီးစခပ်ပါးပါးများမှတစ်ဆင့် ဝိုးတိုးဝါးတားတွေ့မြင်နိုင်ပေ၏။ အခြားတစ်ယောက်က မှောက်လျက်အနေအထားဖြင့်ရှိနေချိန်မှာ နောက်တစ်ယောက်က ဒူးတစ်ဝက်ကွေးထားသည့်အနေအထားဖြင့်ရှိနေပြီး သူတို့ခန္ဓာကိုယ်တွေက ပူးကပ်နွယ်ယှက်နေကြသည်။

"ဒင်၊ စိတ်ဒဏ်ရာမှတ် +100။"

"ဒင်၊ စိတ်ဒဏ်ရာမှတ် +100။"

နောက်တစ်နေ့မှာတော့ နဉ်ရှုတစ်ယောက် 2333ကြေညာသည့်သတင်းကောင်းများနှင့်အတူနိုးထလာ၏။ သူမ ဆေးတွေအများကြီးသုံးထားခဲ့တာကြောင့် ခန့်မှန်းခြေအားဖြင့်တော့ သူတို့နှစ်ယောက် သုတ်အလွှတ်လွန်ပြီးမသေမချင်း ဆက်ဆံနေကြလောက်သည်။ သူမ ဒီဆေးတွေကို systemဆီကရခဲ့တာကြောင့် အကျိုးသက်ရောက်မှုကတော့ စိတ်ချရသည်။ ဒါတွေကို သူမအကြွေးနဲ့ဝယ်ခဲ့တာဖြစ်ပြီး နောက်ကျမှသာ အတိုးနဲ့ပြန်ဆပ်ရမှာဖြစ်တာကြောင့် ဒီဆေးတွေက ပိုပြီးတောင်ကောင်းကောင်းအလုပ်လုပ်သင့်သေးသည်။

သည်လောက်များတဲ့အမှတ်တွေရမှတော့ သူတို့ကိုစိတ်ဒဏ်ရာပေးဖို့ဆိုတဲ့ သူမရဲ့အစီအစဉ်ကြီးအောင်မြင်သွားတာပင်ဖြစ်ရမည်။ ခဏ၊ ဒါမဟုတ်သေးဘူးလေ၊ သူမက သူတို့ကို ကူညီနေတာပါနော်၊ ဟုတ်ပြီလား? သူတို့ကို ကြီးကျယ်တဲ့ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်နိုင်အောင် ကူညီပေးလိုက်တာ။

တမူထူးခြားတဲ့ဆေးတွေကို နဉ်ရှု အံတင်းတင်းကြိတ်ပြီးလဲလှယ်ခဲ့ရတာဖြစ်သည်။ systemက သွေးစုတ်ကောင်ကြီးလိုပင် ခံစားခဲ့ရသည်။

သူမ ခါးဆန့်လိုက်သည်။ ဒါပေမယ့် ညဝက အတော်လေးအံ့သြဖို့ကောင်းတယ်။

သူမ ရထားလုံးလိုက်ကာစကိုမလိုက်ပြီးနောက် ရထားလုံးက တော်အုပ်တစ်အုပ်ဆီသွားတဲ့ လမ်းလေးတစ်လမ်းမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ လျှို့ဝှက်သက်တော်စောင့်က မီးဖိုထားပြီး အပေါ်မှာတော့ ရေနွေးအိုးတည်ထားသည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Unde poveștirile trăiesc. Descoperă acum