Chapter - 81

2.8K 450 9
                                    

[Unicode]

{ရှေးခေတ် **** စာအုပ်တွေ}

နဉ်ရှုက အမှန်အတိုင်းပင်ပြန်ဖြေသည်။

"ကျေးဇူးတင်ပါတယ် တာ့ဟွား။ ဒါပေမယ့် တို့ ဒီကိုလာရတဲ့ရည်ရွယ်ချက်က တို့ဝမ်းကွဲအစ်ကိုနဲ့ နေဖို့ပါ။"

ဟယိ့တာ့ဟွားပ စိတ်ပျက်ရွံရှာနေဟည့်အမူအရာဖြင့် ယပ်ခပ်၏။

"ဝမ်ရူဟွားက ယောက်ျားတစ်ယောက်တောင်မဟုတ်ဘူး။ မင်း သူနဲ့ အရမ်းကြီးမပတ်သက်သင့်ဘူး၊ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေ မင်းဆီကူးသွားမှာ စိုးရိမ်ရတယ်။"

နဉ်ရှုက ပြန်မဖြေဘဲ ပြုံးရုံသာပြုံး၏။

နဉ်ရှုနဲ့ယွဲ့လန်က ဗိုက်ပြည့်တဲ့အထိစားလိုက်ကြသည်။ နဉ်ရှုက ဟယ့်ရှောင်ဟွားကို ကျေးဇူးတင်တဲ့အနေနဲ့ အရည်အသွေးကောင်းတဲ့ မျက်နှာချေတစ်ဘူးနဲ့ ‌ပန်းပွင့်ပုံ ငွေထည်ဆံထိုးတစ်ချို့ပေးသည်။

"မိန်းကလေး၊ ရှင်က ရွှေဆံထိုးတွေ မဝတ်သင့်ဘူး။ ရှင်က အရမ်းငယ်သေးတော့ ပန်းပုံငွေဆံထိုးတွေက ရှင်နဲ့ပိုလိုက်မှာ။"

နဉ်ရှုက ပြောသည်။

ဟယ့်ရှောင်ဟွားက လက်ဆောင်တွေကြောင့် ဝမ်းသာသွားပြီး နဉ်ရှုပခုံးကိုပုတ်သည်။ နဉ်ရှုမှာ အသက်ရှူရကြပ်သွား၏။ မြတ်စွာဘုရား၊ ဒီကောင်မလေးက အရမ်းသန်လွန်းတယ်!

"မိန်းမလှလေး၊ အစ်ကိုကြီးတာ့ဟွားရဲ့အိမ်မှာ နေချင်လား? ဒီနေရာက လူတွေအတွက် မသင့်တော်ဘူး၊ အစ်ကိုကြီးရဲ့ဝက်ခြံကတောင် ဒီနေရာထက် ပိုကောင်းသေးတယ်။"

ဟယ်တာ့ဟွားက ကြော့မော့သားနားဟန်ဆောင်ကာ ယပ်ခတ်သည်။

နဉ်ရှု : ...

ဟယ့်မောင်နှမ‌တွေထွက်ခွာသွားချိန်၌ သူမနောက်က တံခါးက ကျွီခနဲမြည်သံပေးကာ ပွင့်လာသည်။ ဝမ်ရူဟွားက မည်းမှောင်နေတဲ့အမူအရာနဲ့အပြင်ထွက်လာပြီး မီးဖိုခန်းဆီမသွားခင် နဉ်ရှုကို ကြည့်သည်။ သူက ရေအေးတစ်မှုတ်ခပ်ကာ ပြောင်းဖူးပန်ကိတ်တွေကို စားနေတော့သည်။

ဘယ်လိုတောင် ခါးသီးပြီး မုန်းတရားတွေပြည့်နေတဲ့ အမူအရာမျိုးပါလိမ့် အား။ နဉ်ရှု ဆွံ့အသွားရသည်။ ဝမ်ရူဟွား ဘာတွေတွေးနေတယ်ဆိုတာ သူမ တကယ်ကိုနားမလည်နိုင်တော့ဘူး။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now