Chapter - 74

3.3K 538 7
                                    

[Unicode]

{ခက်ခက်ခဲခဲရှာခဲ့ရတာဖြစ်မယ်}

ရထားလုံးက ဖုန်ထူထူလမ်းပေါ်မှာပြေးလွှားနေပြီး မည်သူကမှစကားမပြောချေ။ ပတ်ဝန်းကျင်လေထုအခြေအနေမှာ အနည်းငယ်တင်းမာလာ၏။

ဝမ်ရူဟွားက သူ့ဘေးနားထိုင်နေသည့် လျှို့ဝှက်သက်တော်စောင့်ကိုကြည့်သည်။ လျှို့ဝှပ်သက်တော်စောင့်ရဲ့အကြည့်က ခံစားချက်ကင်းမဲ့ကာ အေးစက်နေပြီး သူ့ခန္ဓာကိုယ်ကတော့ ပြင်းထန်လွန်းသည့် လူသတ်ငွေ့ကို ထုတ်လွှတ်နေ၏။ သူက အရမ်းသန်မာပြီး သိုင်းပညာထူးချွန်တယ်ဆိုတာ သိသာနေသည်။

ပိုင်ချင်ရှန်းက တကယ်ကိုပဲ သူနဲ့တူညီတဲ့ကမ္ဘာမှာမဟုတ်တော့ပေ။ သူမ အပြင်သွားတဲ့အခါတိုင်း သက်တော်စောင့်တစ်ယောက်နဲ့ အစေခံတစ်ယောက်ပါသည်။ အခု သူမနေထိုင်နေတဲ့ပုံစံက တကယ်ကိုချမ်းသာတဲ့မမလေးတစ်ယောက်လိုပင်။

ရထားလုံးထဲမှာတော့ နဉ်ရှုနဲ့ယွဲ့လန်မှာ အိပ်ပျော်နေကြပြီဖြစ်၏။ သို့သော်လည်း ဒါက သူမတို့ကိုအပြစ်တင်လို့မရပေ။ တလှုပ်လှုပ်ဖြစ်နေတဲ့ရထားလုံးကြောင့် အိပ်ချင်လာမှုကို ဖယ်ထုတ်ရန်ခက်လှ၏။

နဉ်ရှုက အိပ်ပျော်နေရာမှနိုးလာပြီး လိုက်ကာစကိုမကာ ဝမ်ရူဟွားကိုမေး၏။

"အစ်ကို့ရွာက ဘယ်လောက်တောင်ဝေးသေးတာလဲ? ဆေးပင်ခူးဖို့ကို ဘာလို့ အဝေးကြီး‌ပြေးလာရတာလဲ? ဒါဆို အစ်ကိုက ပြေးတဲ့‌နေရာမှာ အတော်လေးတော်တာပေါ့နော်?"

နဉ်ရှုပြောတာကိုကြားလိုက်ရတဲ့အခါ ဝမ်ရူဟွားရဲ့မျက်နှာက နီရဲသွားပြီးမှ ဖြူရော်သွား၏။ သူက အေးစက်စွာဆိုသည်။

"ငါ ဘယ်‌နေရာမှာဆေးပင်ခူးတယ်ဆိုတာ မင်းနဲ့ဘာဆိုင်လဲ?"

နဉ်ရှုက ဆံပင်တွေကိုသပ်တင်လိုက်ရင်း ပေါ့ပါးစွာပင်မှတ်ချက်ချသည်။

"အစ်ကို ရွာနားကဆေးပင်တွေအကုန်ခူးပြီးလို့ ဒီလောက်အဝေးကြီးကိုပြေးလာရတာ၊ ဟုတ်တယ်မလား? ဝမ်းကွဲအစ်ကို၊ အစ်ကို ညီမကိုထားခဲ့ရင် အစ်ကို့မှာ ပိုကောင်းတဲ့အခွင့်အရေးတွေရှိလာလိမ့်မယ်လို့ ညီမထင်ထားတာ၊ အစ်ကို့အခြေအနေက အရမ်းဆိုးရွားနေလိမ့်မယ်လို့ တစ်ခါမှမတွေးမိခဲ့ဘူး။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now