Chapter - 138

2.6K 476 9
                                    

Unicode

ကျွန်မက ဒီအတိုင်းလှနေတာပဲလေ
_____________

နဉ်ရှုက ဓားသွားကို လက်ညှိုးလက်မသုံးကာ ဂရုတစိုက်ညှပ်လိုက်ပြီး အပြုံးလေးနှင့် ဘေးကိုဖယ်သည်။

"ပွင့်ပွင့်လင်းလင်းပြောကြရအောင်ပါ လူကြီးမင်းရယ်၊ ဟုတ်ပြီလား? ဘာတွေများလောစရာလိုလို့လဲ? ရှင်က ကျွန်မကို ရှန်းကော်ဘုရားကျောင်းကိုသွားစေချင်တာ၊ ဟုတ်တယ်နော်? ကျွန်မကံက အခုတလော အရမ်းဆိုးနေတယ်လို့ ခံစားနေရတယ်။ ကံဆိုးမှုတွေပျောက်သွားအောင် အမွှေးတိုင်လေးနည်းနည်းလောက်သွားထွန်းတာ ကောင်းမယ်ထင်တယ်။"

"ပြီးတော့ ကျွန်မက နတ်ဆိုးဂိုဏ်းရဲ့မြင့်မြတ်တဲ့အပျိုစင်မဟုတ်ဘဲ မိသားစုကောင်းကသမီးလေးဆိုတာကို သက်သေပြဖို့နဲ့ သိုင်းလောကရဲ့ကျင့်ဝတ်သိက္ခာတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အဲ့မကောင်းဆိုးဝါးကောင်ကုန်းဝူမေ့ကိုဖမ်းဖို့  သိုင်းလောကခေါင်းဆောင်ကို သေချာပေါက်ကူညီမှာပါ။"

နဉ်ရှုက အင်မတန်စိတ်အားထက်သန်နေသည့်လေသံဖြင့်ဆိုသည်။

ရန်နန်ကျူးက ဓားကိုအောက်နှိမ့်ကာ ဓားအိမ်ထဲပြန်သွင်းလိုက်သည်။

"နတ်ဆိုးဂိုဏ်းကလူဆိုတဲ့အတိုင်း အပြောကောင်းသားပဲ။ ဒါပေမယ့် မင်းဘာပြောပြော ငါမင်းကိုယုံမှာမဟုတ်ဘူး။ နတ်ဆိုးဂိုဏ်းကလူတွေက အလိမ်အညာစကားတွေနဲ့ လူတွေရဲ့ခံယူချက်တွေကို ရှုပ်ထွေးအောင်လုပ်တဲ့နေရာမှာ အကျွမ်းကျင်ဆုံးပဲ။"

ရန်နန်ကျူးက အေးစက်စွာဆိုလေ၏။

နဉ်ရှု : ...

နဉ်ရှုမှာ ရန်နန်ကျူးနဲ့အတူ ရှန်းကော်ဘုရားကျောင်းကိုသွားဖို့ ဖိအားအပေးခံရလေ၏။ သို့သော်လည်း ကုန်းဝူမေ့ပေါ်မလာလောက်ဘူး‌ဆိုတာကို သူမ အတော်လေးသေချာနေသည်။

ရှန်းကော်ဘုရားကျောင်းဆီသွားတဲ့လမ်းမှာ နဉ်ရှုရဲ့ရုပ်ရည်က ဆူပူမှုတစ်ချို့ဖြစ်စေခဲ့သည်။ အဆုံးတွင်တော့ မိန်းမတွေကို ဇွတ်အတင်းလုယူချင်ကြတဲ့ မကောင်းတဲ့နိုင်ထက်စီးနင်းသမားတွေ အမြဲရှိနေတတ်သည်ပဲ။ ရန်နန်ကျူးက သိုင်းပညာထူးချွန်တာမို့ သူတို့တွေ့ခဲ့ရတဲ့လူဆိုးကောင်များမှာ နဉ်ရှုရဲ့ဆံပင်ကိုထိရန်ပင် မစွမ်းနိုင်ကြချေ။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Donde viven las historias. Descúbrelo ahora