Chapter - 142

3K 514 74
                                    

Unicode

လှပသောထွက်ခွာခြင်း
_______________

ချီရှန်းက ယပ်တောင်ကိုကိုင်ကာ အပြုံးနုနုဖြင့်ဝင်လာ၏။ မုယန်မုန့်ကိုမြင်ချိန်၌  ထူးဆန်းလှသောစွဲလန်းနေဟန်ခံစားချက်တို့က သူ့မျက်ဝန်းတွေထဲဖြတ်ပြေးသွားကာ သူက သက်ပြင်းချသည်။

"ထင်တဲ့အတိုင်း မင်းက မုယန်မုန့်ပဲ၊ ဒါပေမယ့် မင်းက ငါ့ကိုလိမ်နေပြီး မဟုတ်ဘူးပဲပြောတယ်။"

ချီရှန်းရဲ့အပြုံးက ပျောက်ကွယ်မသွားပါချေ။

"ဒါပေမယ့် အခုသိတာကလည်း အရမ်းကြီးနောက်မကျသေးပါဘူး။"

နဉ်ရှုက ခေါင်းမော့ကာ ကောင်းကင်ကိုကြည့်လိုက်ပြီး သက်ပြင်းချသည်။ ဘူးညီနောင်ခုနစ်ဖော် စုစည်းသွားခဲ့ပြီ။ နောက်ဇာတ်ကွက်က ဒီမကောင်းဆိုးဝါးဝိဉာဉ် သူမကို အနိုင်ယူကြမယ့်ဇာတ်ကွက်လား?

အပြင်ကနေ ရှုပ်ရှုပ်ယှက်ယှက်ခြေသံတွေထပ်ထွက်လာပြန်၏။ သိုင်းလောက,ကလူအုပ်ကြီးတစ်အုပ်က ခြံဝင်းထဲဝင်လာသည်။ ရန်နန်ကျူးကိုမြင်သည့်အခါ သူတို့ကအော်သည်။

"ခေါင်းဆောင်၊ ခေါင်းဆောင် အသက်ရှင်နေသေးတာပဲ! ကောင်းလိုက်တာ၊ ခေါင်းဆောင် တစ်ခုခုဖြစ်သွားပြီလို့ ကျုပ်တို့ထင်နေတာ!"

နဉ်ရှုမှာ လူတွေအုံတိုးနေတဲ့ခြံဝင်းကို ဝေ့ဝဲကြည့်လိုက်မိပြီး သူမတော့ တစ်လောကလုံးနဲ့ ရန်သူလုပ်မိပြီလို့ ရုတ်တရက်ခံစားသွားရရှာ၏။

တစ်ခါက မုယန်မုန့်ကို အရိုးထဲစွဲနေအောင်ချစ်ကြတဲ့အမျိုးသားဇာတ်လိုက်တွေက ယခုတော့ဖြင့် သူမကို တစ်စစီစုတ်ဖြဲပစ်ချင်နေသည်အထိ အင်မတန်မုန်းတီးနေကြ‌သည်။

စစ်ထူချင်းယွီ : "ငါ သူ့ကို သေတဲ့အထိ နှိပ်စက်မယ်။"

လော်ကျွင့်ယန် : "ငါ သူ့ကိုသတ်မယ်။"

ချီရှန်း : "ငါ့ကြာပွတ်အောက်မှာ အညံ့ခံလိုက်တော့။"

ဝမ်ရူဟွား : "ငါ သူ့ကိုအဓမ္မကျင့်ပြီးသတ်ပစ်မယ်။"

နတ်ဆေးသမားတော် : "သူက ငါ့တပည့်‌လေ၊ မသေလို့ရမလား?"

ကုန်းဝူမေ့ : "ငါ့ကို ဖြေဆေးပေး၊ ငါ မင်းအလောင်းကို အကောင်းအတိုင်းထားပေးမယ်။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now