Chapter - 47

4.1K 726 16
                                    

[Zawgyi]

{ရှင့်မျက်လုံးတွေဘာဖြစ်နေတာလဲ?}

ယွဲ့လန်ကပြောသည်။

"မမလေး၊ ဒီအစေခံမှာ တကယ်ပဲချစ်သူမရှိပါဘူး။ ဒီအစေခံက လျှို့ဝှက်သက်တော်စောင့်အတွက် ဖိနပ်တစ်ရံလောက်ချုပ်ပေးဖို့ပြင်နေတာပါ။ အရင်တစ်ခေါက်က သက်တော်စောင့်ရဲ့ဖိနပ်တွေက စုတ်ပြဲနေတာကို ဒီအစေခံတွေ့လိုက်ရတယ်။ သူက ကျွန်မတို့ကိုကာကွယ်ဖို့ အရမ်းကြိုးစားနေတဲ့ဟာ ကျွန်မတို့အနေနဲ့ သူ့ကိုနည်းနည်းတော့ပြန်လုပ်ပေးသင့်တယ်လေ။"

ိနဉ်ရှု ခေါင်းငြိမ့်လိုက်သည်။

"လတ်စသတ်တော့ ဒီလိုလား?"

သူမ လျှို့ဝှက်သက်တော်စောင့်အစ်ကိုကြီးရဲ့လေးထောင့်မျက်နှာကိုပြန်မြင်ယောင်ကြည့်ပြီးနောက် ယွဲ့လန်ရဲ့နူးညံ့လှပတဲ့မျက်နှာလေးကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြား သံယောဇဉ်တွေဖြစ်လာနိုင်လား?

အစကတော့ သူမအနေနဲ့ ယွဲ့လန်ကို လျှို့ဝှက်သက်တော်စောင့်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲလို့ မေးချင်ခဲ့တာဖြစ်သော်လည်း ပြန်တွေးမိတော့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းအဓိပ္ပါယ်ဖွင့်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်သလိုပဲ။

ထို့ကြောင့် သူမ ပါးနီတွေပြန်ဖို့ကာ ချီရှန်းနဲ့လီယုဖေးတို့ ညစာစားချိန်မှာ တာဝန်ထမ်းဆောင်ဖို့ထွက်သွားလိုက်သည်။

သူမ ဧည့်ခန်းကိုရောက်သွားတဲ့အချိန်မှာ ချီရှန်းနဲ့လီယုဖေးက ညစာစားနေကြပြီဖြစ်သည်။ သူမ အလျင်စလိုပင်ပြောလိုက်သည်။

"သခင်လေး၊ သခင်လေးတို့နှစ်ယောက် ညစာစားတော့မယ်ဆိုတာ ဒီအစေခံကို ဘာလို့မပြောတာလဲ? ဒါဆို ဒီအစေခံက သခင်လေးတို့အတွက်စားပွဲကိုပြင်ဆင်ပေးနိုင်မယ့်ဟာ။ သခင်မလေးယုဖေး၊ ဒီအစေခံကို သခင်မလေးအတွက် ဟင်းထည့်ပေးခွင့်ပြုပါ။"

လီယုဖေးရဲ့မျက်နှာမှာ အနည်းငယ်မြင်မကောင်းဖြစ်သွားသော်လည်း သူမက သည်းခံလိုက်ကာ အတင်းအကြပ်ပြုံးရင်းဆို၏။

"မလိုပါဘူးရှောင်ဟုန်ရယ်။ တို့ဘာသာလုပ်နိုင်ပါတယ်။ အဲ့တော့ မင်းသခင်လေးကိုပဲ ခစားလိုက်ပါ။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ