Chapter - 72

3.5K 528 12
                                    

[Unicode]

{လူရေခြုံထားတဲ့သားရဲ}

သူက လောကကြီးကို ကြီးကြီးမားမားမားရက်စက်တာတစ်ခုခုလုပ်ထားသည့်အတိုင်း သူ့ကို ဝမ်ရူဟွားပြောဆိုနေတာကို ရွာလူကြီးစိတ်တိုလာသည်။ ဝမ်ရူဟွားက သူ့ကိုယ်သူ မတရားမှုရဲ့အလိုကိုမလိုက်တဲ့ဖြောင့်မတ်မှန်ကန်တဲ့သူရဲကောင်းကြီးလို သတ်မှတ်နေတာကိုလည်း သူသဘောမကျပေ။

ရွာလူကြီးက ဝမ်ရူဟွား စိတ်တိုစေရန်နှင့် သူအုပ်ချုပ်တဲ့နယ်မြေမှာ မာနထောင်လွှားမနေဖို့ ဝမ်ရူဟွားကိုသတိပေးတဲ့အနေနဲ့သာ မုယန်မုန့်ကိုရယူနိုင်ဖို့ကြိုးစားခြင်းဖြစ်သည်။

သို့သော်လည်း ဝမ်ရူဟွားက သေမလိုဒေါသထွက်သွားပြီး သူ့ဒေါသတွေကို မုယန်မုန့်အပေါ်ပုံချတော့သည်။ ထိုညတွင် သူက မုယန်မုန့်ကို အဓမ္မကျင့်ခဲ့ပြီး မင်းက ယောက်ျားအရမ်းလိုချင်နေမှတော့ ငါက သဘောထားကြီးကြီးနဲ့ မင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုတဲ့ စကားကိုပြောလေ၏။

သူက မုယန်မုန့်ကို အတော်လေးအထင်သေးသည်။ သူမက အပျိုစင်မဟုတ်ဘူးဆိုတာကိုသိသွားတဲ့အခါမှာ သူက သူမကို ပို၍ပင်ရွံရှာသွားပြီး အလုပ်ကို ခပ်မြန်မြန်ပင်အဆုံးသတ်လေ၏။ သူက ဘောင်းဘီကိုပြန်ဆွဲတင်ရင်း ထိုအခိုက်တွင် သေချင်နေခဲ့ပြီဖြစ်သောမုယန်မုန့်ကို မတော်တရော်တွေဆက်ပြောနေခဲ့၏။

မုယန်မုန့်ကို အဓမ္မကျင့်ပြီးနောက် ဝမ်ရူဟွားသည် တရားမျှတမှုက သူ့ဘက်မှာရှိနေသည့်အလား ရွာလူကြီးကို ရင်ကော့ကာမျက်နှာချင်းဆိုင်လျက် ခင်ဗျားက ရွာလူကြီးဆိုတော့ရော ဘာဖြစ်လဲ? ခင်ဗျား မုယန်မုန့်ကိုရရင်တောင် ခင်ဗျားရတာက ကျုပ်သုံးပြီးသားဖိနပ်စုတ်ပဲလို့ဆိုလေ၏။

သူမရဲ့ရုပ်ရည် ပျက်စီးသွားပြီးတာတောင် သည်လိုကံကြမ္မာမျိုးနဲ့တွေ့ရလိမ့်ဦးမယ်လို့ မုယန်မုန့် ဘယ်တုန်းကမှမတွေးမိခဲ့ပေ။ သည်လိုဆက်ဆံမှုမျိုးကို ဆက်ရင်ဆိုင်နေရဖို့ဖြသ်လာတဲ့အခါမှာ‌တော့ သူမ သတ်သေဖို့ဆုံးဖြတ်လိုက်သည်။

သို့အတွက် သူမ ဆွဲကြိုးချခဲ့ပါသော်ငြား ဝမ်ရူဟွားက သူမကိုကယ်ဆယ်ခဲ့ပေ၏။ သူမ သေကြောင်းထပ်ကြံလျှင် သူမကို ရွာလူကြီးဆီပေးပစ်မည်ဟု ဝမ်ရူဟွားကခြိမ်းခြောက်သည်။ အလောင်းပဲကျန်နေခဲ့လျှင်တောင်မှ သူက ရွာလူကြီးဆီ သူမကိုအနိုင်ကျင့်ဖို့ ပေးပစ်မည်ဖြစ်၏။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Unde poveștirile trăiesc. Descoperă acum