Chapter - 25

5.8K 893 30
                                    

[Zawgyi]

{ရှင်ဂုဏ်ယူသင့်တယ်}

လျှို့ဝှက်သက်တော်စောင့်က စားစရာကို စားပွဲပေါ်ပစ်ချကာ ယွဲ့လန်ကိုကြည့်ပြီး အေးစက်စွာနှာမှုတ်လေ၏။ သူမမကောင်းကြောင်းပြောနေတဲ့လူက သူမကိုမိသွားတာကြောင့် ယွဲ့လန်ရဲ့မျက်နှာက နီရဲလို့သွားသည်။

နဉ်ရှုက တင်းမာနေမှုကိုလျှော့ချရန်ရည်ရွယ်ကာ ပြောလိုက်သည်။

"ယွဲ့လန်က ရယ်စရာပြောနေတာပါ။ ရှင်က ရုပ်မဆိုးပါဘူး။ ရှင့်ရုပ်ရည်က အရမ်းထူးခြားတယ်။ ရှင်လိုမျိုး လေးထောင့်ဆန်ဆန်မျက်နှာကို ကျွန်မ အရင်က တစ်ခါမှမတွေ့ဖူးဘူး။ ထောင့်ချိုးတွေက ထင်ရှားပြီးပြတ်သားတယ်။ ရှင်က ကမ္ဘာပေါ်မှာ ဒီလိုပြီးပြည့်စုံတဲ့လေးထောင့်ကျကျမျက်နှာမျိုးကိုပိုင်ဆိုင်ထားတဲ့ တစ်ယောက်တည်းသောသူဖြစ်မယ်။ ရှင် ဂုဏ်ယူသင့်တယ်။"

လျှို့ဝှက်သက်တော်စောင့် : …

လျှို့ဝှက်သက်တော်စောင့်က သူ့အကြည့်ကို နဉ်ရှုဆီကနေ ယွဲ့လန်ဆီကို အေးစက်စွာပင်ပြန်ရွှေ့လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ခုန်ထွက်သွားတော့သည်။

ယွဲ့လန်က နည်းနည်းမသက်မသာခံစားနေရတာကြောင့် ကြက်ကင်ကိုစစားနေပြီဖြစ်တဲ့ နဉ်ရှုကို မေးလိုက်သည်။

"မမလေး၊ လျှို့ဝှက်အစောင့်က ကျွန်မတို့က သူ့ကို ကိုရုပ်ဆိုးလို့ခေါ်တာလေးကြောင့်နဲ့ မစွန့်ပစ်လောက်ပါဘူးနော်? ဟုတ်တယ်မလား?"

နဉ်ရှုက သူမလက်ချောင်းတွေကို ပြောင်နေအောင်လျက်ပြီးမှ အရေးမစိုက်စွာ ပြောလာသည်။

"မပူစမ်းနဲ့။ နင့်မမလေးက သူ့ကို စောစောက နှစ်သိမ့်ပေးလိုက်တယ်လေ။"

ယွဲ့လန်က နဉ်ရှုကိုကြည့်လာသည်။

"မမလေးက ဒါကို သူ့ကိုနှစ်သိမ့်ပေးဖို့လုပ်တာလား? ဒီအစေခံကတော့ ဒါက သူ့ဒဏ်ရာပေါ် ဆားတွေပိုသိပ်ထည့်လိုက်သလို ခံစားနေရတယ်။"

ထိုအချိန်မှာတော့ နဉ်ရှုက အရမ်းကိုဖြူ စင်လွန်းတဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့ကြာပန်းဖြူ ပုံစံကိုဖော်ပြလိုက်တာကြောင့်လားမသိရသော်လည်း ယခုအချိန်တွင် သူမကိုကြည့်နေတဲ့ စစ်ထူချင်းယွီရဲ့အကြည့်တွေက အရမ်းကိုရှုပ်ထွေးနေပုံပေါ်သည်။သူ့ရဲ့ ခံစားချက်တွေပြည့်နေတဲ့အကြည့်က နဉ်ရှုကို အူတွေလိမ်လာသလိုခံစားရစေသော်လည်း သူမကတော့ အေးစက်ပြီးမာနကြီးတဲ့အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now