Chapter - 75

3.2K 539 3
                                    

[Unicode]

{အထူးတိုက်ခိုက်မှု ထုတ်လွှတ်!}

နဉ်ရှုက ယွဲ့လန်ကိုဦးဆောင်ကာ ရွာထဲဝင်သွားသည်။ ရွာအဝင်ဝမှာ ဝမ်ရူဟွားက အမျိုးသမီးတစ်ယောက်နဲ့စကားပြောနေသည်ကို သူမတွေ့လိုက်ရသည်။ ထိုအမျိုးသမီး၏ ခေါင်းထက်တွင် ရွှေဆံထိုးတစ်ချောင်းရှိနေပြီး သူမရဲ့အကြည့်တွေက ခိုင်မာအားကောင်းသည်။ ဝမ်ရူဟွားကိုကြည့်‌နေတဲ့ သူမရဲ့မျက်လုံးတွေက ချစ်မြတ်နိုးမှုများဖြင့်တောက်ပ‌နေ၏။
.
သို့သော်လည်း ဝမ်ရူဟွား၏အမူအရာတွင်မူ ရွံရှာစက်ဆုပ်ခြင်းနှင့် စိတ်တိုဒေါသထွက်ခြင်းတို့သာ ရှိနေသည်။ သူက သူ့နောက်ကို ခဏခဏလှည့်ကြည့်နေ၏။ နဉ်ရှုကိုမြင်ချိန်၌ သူက ပထမဆုံးအကြိမ်အဖြစ် သူမအပေါ်တွင်  သဘောကောင်းသလိုပြုမူလေ၏။ သူက နူးညံ့စွာမေးသည်။

"ဝမ်းကွဲညီမ၊ ညီမ ဘာလို့ ဒီလောက်တောင်ကြာနေရတာလဲ? အစ်ကို ညီမကို စောင့်နေတာ။"

နဉ်ရှု ဘာမှမပြောရသေးခင်မှာပင် ရွှေဆံထိုးဝတ်ဆင်ထားသည့်အမျိုးသမီးမှာ ဒေါသထွက်နေပြီးဖြစ်သည်။ သူမက နဉ်ရှုကိုလက်ညှိုးထိုးကာ ဝမ်ရူဟွားကို ကျယ်လောင်စွာမေး၏။

"သခင်လေးဝမ်၊ ဒီမိန်းမက ဘယ်သူလဲ? ရှင်နဲ့ သူ့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ?"

"သူနဲ့ ကျွန်တော့်ဆက်ဆံရေးက ခင်ဗျားကိစ္စမဟုတ်ပါဘူး ဟယ့်သခင်မလေး။ နောက်ပိုင်းမှာ ခင်ဗျား ကျွန်တော့်ကို ထပ်မနှောင့်ယှက်‌ဖို့ မျှော်လင့်ပါတယ်။ လူတွေကြားမှာ ကောလဟာလတွေပျံ့သွားရင် ခင်ဗျားရဲ့ဂုဏ်သတင်း ထိခိုက်လိမ့်မယ်။"

ဟာ့်ရှောင်ဟွားရဲ့မျက်ခုံးသွယ်သွယ်‌လေးတွေက တွန့်ချိုးနေကာ သူမက ခါးထောက်ကာဆို၏။

"ဟယ့်ရွာက ဘယ်သူက ကျွန်မအကြောင်း ကောလဟာလဖြန့်ရဲမှာလဲ? ကျွန်မရှင့်ကို ကြိုက်တယ်၊ အဲ့တော့ ဘာဖြစ်လဲ? ရှင် ကျွန်မကိုလက်ထပ်ပြီး ကျွန်မတို့မိသားစုထဲဝင်မယ်ဆို ရှင့်ဘဝက အခုထက်ပိုကောင်းမှာ။ ကျောင်းသားတွေ ကျောင်းလခမပေးနိုင်တဲ့အခါကျရင်လည်း ရှင် အများကြီးခက်ခဲနေမှာမဟုတ်တော့ဘူး။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now