Chapter - 145

6.1K 654 54
                                    

Unicode

ကောင်းကင်ဘုံကမျှတတယ်
_________

မုယန်မုန့်ထွက်သွားပြီးနောက် 2333ကပြောလာ၏။

"မုယန်မုန့်ရဲ့ဝိဉာဉ်က အတော်လေးအားကောင်းတယ်၊ ဒီတော့ မင်းဝိဉာဉ်လည်း အရင်ကထက် အများကြီးပိုသန်မာလာမှာပဲ။"

နဉ်ရှုက ရုတ်တရက်ထမေး၏။

"အလုပ်အပ်နှံသူတိုင်းက ပြန်တိုက်ခိုက်ပေးဖို့အတွက် သူတို့ကိုယ်ပိုင်ဝိဉာဉ်တွေကိုပေးရတာလား?"

"ဝိဉာဉ်ချည်းပဲတော့ မဟုတ်ပါဘူး၊ ရတနာတစ်ခုဆိုလည်း အလုပ်ဖြစ်သားပဲ။"

2333ကပြောသည်။

နဉ်ရှုက သက်ပြင်းချသည်။

"အမြောက်စာဇာတ်ကောင်ဖြစ်လာပြီးတဲ့နောက်မှာတောင် သူတို့က ပြန်တိုက်ခိုက်ဖို့အခွင့်အရေး‌လေးရဖို့အတွက် သူတို့ရဲ့ဝိဉာဉ်ကို ပေးအပ်နေရသေးတယ်။ အမြောက်စာဇာတ်ကောင်တွေက တကယ်သနားဖို့ကောင်းတာပဲ။"

"ဒါကြောင့်မို့ပဲ မင်းတို့တွေရှိနေရတာလေ။ လူတိုင်းမှာ မတူညီတဲ့ကံတရားတွေရှိတယ်။ သူတို့ တစ်ခုလိုချင်ရင် တစ်ခုတော့ သေချာပေါက်ပြန်ပေးရမှာပေါ့။ ဒါက ညီမျှတဲ့လဲလှယ်မှုပဲလေ။ အနည်းဆုံးတော့ ဒါက သူတို့မှာ သူတို့ရဲ့ကံတရားကိုဆန့်ကျင်တိုက်ခိုက်ဖို့ အခွင့်အရေးလေးရှိနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပဲလေ၊ ဟုတ်တယ်မလား? ကောင်းကင်ဘုံက မျှတသားပဲ။ လူတိုင်းကို အခွင့်အရေးလေးတွေပေးထားတယ်။"

ဒါက မျှတတာနဲ့ ဘယ်နားကနေဘယ်လိုနီးစပ်သွားတာလဲ?

ထို့နောက် နဉ်ရှုကမေးသည်။

"အခု မုယန်မုန့်ပျောက်သွားတော့ အဲ့ကမ္ဘာ ဘယ်လိုဖြစ်သွားမှာလဲ?"

2333ကပြောသည်။

"အဲ့ကမ္ဘာရဲ့စည်းမျဉ်းက သူ့ဘာသာအလိုလိုပြန်ပြင်ဆင်လိမ့်မယ်။ ဇာတ်ကြောင်းအသစ်မဖန်တီးဘဲ ဇာတ်ကြောင်းတစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာဖြစ်နေစေတာက စည်းမျဉ်းပျက်စီးလာတာရဲ့လက္ခဏာတစ်ခုပဲ။ သက်ရှိတွေအားလုံးက ပြောင်းလဲကြပေမယ့် အဲ့ကမ္ဘာ့စည်းမျဉ်းကတော့ ဒီဇာတ်ကြောင်းမှာပဲ ငြိနေတယ်။ အခု မုယန်မုန့်မရှိတော့ဘူးဆိုတော့ ကမ္ဘာက စည်းမျဉ်းအသစ်တစ်ခုကို ဖြည်းဖြည်းချင်းမွေးဖွားပေးပြီး ဇာတ်ကြောင်းအသစ်တွေပေါ်လာလိမ့်စေမယ်။"

နဉ်ရှုက 'အိုး'ဟုသာမှတ်ချက်ချလေ၏။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now