Chapter - 48

4.5K 713 62
                                    

[Zawgyi]

NOTE : May contain a little NFSW parts. (NSFW = Not safe for work)

{Arm & Hammerတံဆိပ်ဆပ်ပြာမှုန့်လိုတယ်}

ချီရှန်းက ခက်ထန်စွာဆို၏။

"အခုသွားတော့။ မင်းမရှိလည်း ငါတို့အဆင်ပြေတယ်။"

နဉ်ရှုက တွန့်ဆုတ်နေဆဲဖြစ်တာကြောင့် ချီရှန်းက ပြောလိုက်သည်။

"ထွက်သွားတော့။ မင်းသခင်လေးရဲ့အမိန့်ကို ဆန့်ကျင်နေတာလား? မင်း အရောင်းခံချင်ပြီလား?"

နဉ်ရှု လှည့်ထွက်သွားတော့သည်။ ထို့နောက် ချီရှန်းက လီယုဖေးကိုပြော၏။

"ယုဖေးလေး၊ အတွေးမလွန်ပါနဲ့ကွာ။ ဒီအစေခံက အမြဲတမ်း အလုပ်လုပ်တာမသေမသပ်နဲ့ပြသနာတွေကိုပဲဖြစ်စေတတ်တာ။ အစ်ကိုက ညီမကို ဘယ်လိုလုပ်ပြီး မောင်းထုတ်ရက်မှာလဲ? ညီမနဲ့ပတ်သက်ပြီး အစ်ကိုဘယ်လောသဘောထားရှိတယ်ဆိုတာ ညီမလည်းသိပါတယ်။"

ထို့နောက်တွင်မှ လီယုဖေးက ပြုံးကာမေး၏။

"အစ်ကိုရှန်၊ ဒီအစေခံက အမြဲတမ်းအရမ်းကို့ရို့ကားယားနဲ့၊ ဘာလို့ သူ့ကို အစ်ကို့ဘေးမှာ ထားထားသေးတာလဲ? ပြီးတော့ သူမကိုယ်ပေါ်ကအနံ့ကလည်း အရမ်းဆိုးတယ်။ အစ်ကို ဘယ်လိုများသည်းခံနိုင် တာလဲ?"

ချီရှန်း ဘာပြောရမှန်းပင်မသိတော့ချေ။ သူ ဒီအမျိုးသမီးကို သူ့ဘေးမှာထားထားရတဲ့အကြောင်းက သူမက တိုင်းပြည်ရဲ့နံပါတ်တစ်အလှလေးမုယန်မုန့်ဖြစ်နေနိုင်တာကြောင့်ပင်။ ဒီလိုအရည်အသွေးမြင့်ပစ္စည်းကို သူလက်လွှတ်လိုက်စရာအကြောင်း လုံးဝမရှိပါပေ။ သူက လီယုဖေးကိုဂရုစိုက်တယ်ဆိုပေမယ့်လည်း ယောက်ျားတစ်ဟောက်အနေနဲ့ အသစ်အဆန်းလေးတွေကို မြည်းစမ်းကြည့်သင့်တယ်လေ။

"အစ်ကိုရှန်၊ ဘာလို့ ယုဖေးကိုပြန်မဖြေတာလဲ?"

လီယုဖေး မျက်မှောင်ကုတ်သွားတော့သည်။

ချီရှန်းက သူမရဲ့လက်ကို တင်းတင်းကြက်ကြပ်ဆုပ်ကိုင်ကာ ပြောလေ၏။

"ယုဖေး၊ ညီမ မပြောဘဲနေလို့မရဘူးလား? ညီမက အစ်ကို့ကို ဘာလို့ မေးခွန်းတွေပဲထုတ်နေရတာလဲ? ညီမက အစ်ကို့ရင်ထဲမှာရှိတဲ့ တစ်ယောက်တည်းသောသူပါကွာ။ အစ်ကို့ရဲ့အကြီးမားဆုံးအိပ်မက်က ညီမကို ဇနီးတစ်ယောက်အဖြစ်လက်ထပ်ယူနိုင်ဖို့ပါပဲ။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now