Chapter - 5

7.3K 979 9
                                    

[Zawgyi]

<စစ်သူကြီးရောက်အလာကို စောင့်ဆိုင်းခြင်း>

ယွဲ့လန် စားစရာတစ်ချို့နဲ့ပြန်ရောက်လာတဲ့အခါ သူမက နဉ်ရှုကိုပြောလေ၏။

"မမလေး...အိမ်တော်မှာ တစ်ယောက်မှမရှိတော့တာကြောင့် ဒီအစေခံက ခေါက်ဆွဲနည်းနည်းပဲလုပ်နိုင်ခဲ့ပါတယ်။"

နဉ်ရှုက အစားအသောက်ချေး(ဂျေး)များတဲ့သူမဟုတ်တာကြောင့် ယွဲ့လန်ယူလာတာကိုစားလိုက်ပြီးနောက် ပြောလိုက်သည်။

"မင်းလည်း မင်းစားဖို့ စားစရာနည်းနည်း ရှာသင့်တယ်။"

အဲ့ဒီ့နောက်မှာတော့ သူမဗိုက်ကိုပွတ်သပ်လိုက်ပြီး စစ်သူကြီးရောက်အလာကို စောင့်ဆိုင်းနေလိုက်သည်။ အချိန်အတော်ကြာသွားပြီး သူမ မှေးခနဲအိပ်ပျော်သွားတော့မယ့်အချိန်မှာပဲ နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က ဝန်ကြီးချုပ်အိမ်တော်ကို ထိုးဖောက်ဝင်ရောက်လာလေ၏။

ဒီဘက်ကိုဦးတည်လာနေတဲ့ ကျယ်လောင်တဲ့ခြေသံတွေကိုပင် သူမကြားနိုင်နေသည်။

ဘမ်း! တံခါးက တစ်စုံတစ်ယောက်ရဲ့ကန်ဖွင့်ခြင်းခံလိုက်ရပြီး ကြမ်းပေါ်ကိုပြုတ်ကျသွားကာ ဖုန်လုံးကြီးတက်လာစေသည်။

နဉ်ရှု ဆွံ့အသွားချေပြီ။ သူတို့ တံခါးကိုပုံမနှန်အတိုင်းပဲဖွင့်လို့မရဘူးလား? လူအများကြီးက ဘာကြောင့်များ တံခါးကိုကန်ဖွင့်ရတာ ကြိုက်ရတာလဲ?

နဉ်ရှု ခုံပေါ်မှာပဲဆက်ထိုင်နေရင်း အထဲကိုဝင်လာတဲ့လူတွေကို ကြည့်လိုက်သည်။ ရှေ့ဆုံးကလျှောက်ဝင်လာတဲ့သူက သံချပ်ကာအင်္ကျီကိုဝတ်ဆင်ထားကာ ရဲရင့်ပြီး အာဏာပြည့်တဲ့အော်ရာကို ထုတ်လွှတ်နေသည်။ သူအခန်းထဲကိုဝင်လာတဲ့အခိုက်အတန့်မှာပဲ သွေးနံ့က လေထုထဲမှာပြည့်နှက်သွားသည်။

နဉ်ရှု ထိုလူကိုကြည့်လိုက်သည်။ သူက... မုယန်မုန့်ရဲ့ ပထမဆုံးလူ စစ်ထူချင်းယွီ!

"ဝိုး...စစ်သူကြီး...ဒီမှာ အလှလေးတစ်ယောက်ရှိတာပဲ။"

"လှလိုက်တာ...။"

"သူမက တကယ်လှတယ်။"

သူမကို စွဲလန်းနေတဲ့ရွံစရာအကြည့်တွေနဲ့ ကြည့်လာတဲ့လူတွေကို နဉ်ရှုမြင်တဲ့အခါ သူမစိတ်ထဲမှာ ကျိန်ဆဲသံတွေပြည့်နှက်သွားသည်။ မတိုင်ခင်ကလည်း သူမ တစ်ခါမှဒီလိုဆက်ဆံတာကို သဘောမကျပေ။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now