Chapter - 2

10.4K 1.1K 75
                                    

[Zawgyi]

<Np-Sex World Story>

သူမလို အမြောက်စာဇာတ်ကောင်လေးတွေအတွက်တိုက်ခိုက်ပေးရတဲ့ တာဝန်ထမ်းဆောင်သူက အမျိုးသမီးဇာတ်လိုက်အတွက် ပြန်တိုက်ခိုက်ပေးရမယ်။ တကယ်ကို မယုံနိုင်စရာကြီး။

2333ကပြောသည်။

"ဒီတာဝန်က အထူးတာဝန်လို့ ငါမင်းကိုပြောထားသားပဲ။ ဒီတာဝန်ပြီးရင် မင်းက အမြောက်စာဇာတ်ကောင်သေးသေးလေးပဲပြန်ဖြစ်မှာ။"

သွားစမ်းပါ! သူပြောတော့ သူက ကစားသူရဲ့စိတ်ခံစားမှုအခြေအနေကို ကြည့်ရှုစောင့်ရှောက်ရမယ့်တာဝန်ရှိပါတယ်ဆို! ဒါက ဘယ်လိုကြည့်ရှုစောင့်ရှောက်မှုမျိုးလဲ?

နဉ်ရှု ထိုင်ချလိုက်ပြီး သူမရဲ့ဝိဥာဉ်ပိုသန်မာလာစေဖို့အတွက် spaceထဲကအရာတွေကို စတင်စုပ်ယူလိုက်သည်။ သူမ pointတွေလုံလုံလောက်လောက်ရတာနဲ့ ဝိဥာဉ်ကိုပိုသန်မာလာစေနိုင်တဲ့ လျှို့ဝှက်လမ်းညွှန်နဲ့လဲပစ်မယ်။ ဒီနည်းလမ်းက အရမ်းနှေးတာပဲ။

အချိန်အတော်ကြာပြီးတဲ့နောက် သူမ မျက်လုံးတွေဖွင့်လိုက်ပြီး သူမရဲ့ဝိဥာဉ်က အတော်လေးကြံ့ခိုင်နေတာကို ကျေနပ်ဖွယ်တွေ့လိုက်ရသည်။ သူမ မေးလိုက်သည်။

"2333...နင် ဒီမှာရှိနေသေးလား?"

"ငါဒီမှာ။"

နဉ်ရှုမေးပြီးပြီးချင်းပဲ 2333က ပြန်ဖြေလာ၏။ 2333က နဉ်ရှုနိုးလာတာကိုစောင့်နေတယ်ဆိုတာ သိသာပါသည်။

နဉ်ရှု မေးလိုက်သည်။

"နင့်နာမည်ကို ပြောင်းလို့ရလား?"

2333က ပြန်ဖြေ၏။

"မရဘူး။ ဒီနာမည်က ငါမွေးကတည်းကနာမည်ပဲ။ ဒါကြောင့် ပြောင်းလို့မရဘူး။"

နဉ်ရှု : Fuck....

ဒီနာမည်က မကောင်းတဲ့အကြံအစည်တွေနဲ့ ပြည့်နေသလိုခံစားရတယ်။

မေ့လိုက်တော့။ ဒီလိုကိစ္စသေးသေးလေးတွေကို ကပ်တွက်နေဖို့မလိုဘူး။ ထို့နောက် နဉ်ရှုပြောလိုက်သည်။

"ဒါဆိုလည်း တာဝန်ကိုစလိုက်ရအောင်။"

"ကောင်းပြီ။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]حيث تعيش القصص. اكتشف الآن