Chapter - 107

2.7K 509 14
                                    

Unicode

တကယ်ကိုရင်းရင်းနှီးနှီး‌ပြောဆိုချင်ပါတယ်
__________

နဉ်ရှုမှာ ထိုမျှများပြားလှသည့်ပြောင်းမုန့်များကိုစားခဲ့ရသဖြင့် ဝမ်းချုပ်လာပြီး သူမ အညစ်အကြေးစွန့်နေချိန်မှာပင် အမြဲနာကျင်နေရ၏။ သို့သော်လည်း နတ်ဆေးသမားတော်ကား အသားစားရတာကြိုက်ပုံမပေါ်သည်မို့ သူ့နေရာမှာ ဘာတိရစ္ဆာန်အဆီမှမရှိပေ။ ဘဝကြီးက တကယ်ကိုကြမ်းတမ်းလွန်းတယ်။

အချိန်အကြာကြီးအသားမစားခဲ့ရတာမို့ သူမ အသားအရမ်းစားချင်လာသည်။

တစ်ခါတစ်ရံမှာ ရွာသားတစ်ချို့က ဆေးကုပေးခိုင်းဖို့အတွက် နတ်ဆေးသမားတော်ဆီလာတတ်ကြသည်။ နတ်ဆေးသမားတော် ဒီလူတွေကိုကုသပေးနေသည်အား နဉ်ရှုက ဘေးမှပင်ရပ်ကြည့်နေခဲ့သည်။ ထို့နောက် အဲ့ရွာသားတွေက သူ့ကို ဟင်းသီးဟင်းရွက်တစ်ချို့၊ ဒါမှမဟုတ် ဂျုံမှုန့်တစ်အိတ်၊ ဒါမှမဟုတ် အသားနည်းနည်းပေးကြပေလိမ့်မည်။

ပြီးလျှင်တော့ နဉ်ရှုရဲ့မျက်လုံးတွေက အနှီအသားတွေကိုစိုက်ကြည့်နေရင်း အစိမ်းရောင်တောက်လာပေလိမ့်မည်။ အသားအများစုက သူမဆီရောက်ရှိသွားခြင်းဖြင့်သာအဆုံးသတ်၏။

ဤသို့ဖြင့် နေ့ရက်တွေက သက်တောင့်သက်သာရှိစွာကုန်လွန်လာခဲ့သည်။ နတ်ဆေးသမားတော်နဲ့နဉ်ရှုရဲ့ဆက်ဆံရေးကတော့ ပိစိလေးပင်တိုးတက်မလာချေ။ နဉ်ရှုက အပြင်ဘက်ကဆေးပင်စိုက်ခင်းကိုကြည့်ရှုနေရချိန်မှာ နတ်ဆေးသမားတော်က အိမ်ထဲမှာပဲအမြဲအလုပ်လုပ်နေခဲ့တာမို့ သူတို့က စကားပြောခဲနေဆဲသာဖြစ်၏။

နဉ်ရှုက စိုက်ခင်းကိုဂရုစိုက်တာကို သူမရဲ့အလုပ်လိုပင်မှတ်ယူထားသည်။ စိုက်ခင်းကို နေ့တိုင်းကြည့်ရှုနေရပြီးနောက်မှာတော့ သိပ်မကြာခင်မှာပဲ သူမ ဆေးပင်တွေအားလုံးကိုမှတ်မိသွားသည်။ နတ်ဆေးသမားတော်အလုပ်ရှုပ်မနေတဲ့အခါ သူမက သူ့ကို ဒီအပင်တွေရဲ့ထူးခြားတဲ့လက္ခဏာတွေနဲ့ဆေးဖက်ဝင်ပုံတွေကို မေးမြန်းသည်။

နတ်ဆေးသမားတော်က ရှင်းပြသော်လည်း များသောအားဖြင့် သူက နဉ်ရှုတစ်ယောက် သူပြောတာတွေကို မှတ်မိရဲ့လား ဒါမှမဟုတ် နားလည်ရဲ့လားဆိုတာကိုမတွေးဘဲ တစ်ခေါက်သာရှင်းပြတတ်၏။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now