Chapter - 70

3.6K 558 4
                                    

[Unicode]


{ငါ့ကို ပြန်လာဖို့ပြော!}


သူမရဲ့မျက်လုံးတွေကို ဝမ်ရူဟွားတွေ့လိုက်ရချိန်၌ သူသည် ကြက်သေ သေသွားပြီး ပါးစပ်က လွှတ်ခနဲထွက်သွား၏။

"ပိုင်ချင်ရှန်း၊ မင်းက ဘာလို့ အရင်တုန်းကနဲ့ လုံးဝမတူရတာလဲ? မင်းက ပိုင်ချင်ရှန်းမဟုတ်ဘူးမလား?"

‌အစောတုန်းက မှောင်နေပြီး သူမကလည်း အဖြူရောင်ဇာပဝါကိုတပ်ဆင်ထားသည်မို့ သူမ ဘယ်လိုပုံစံလဲဆိုတာ သူမတွေ့နိုင်ခဲ့ပေ။ အခု သူ သူမကို နေ့အလင်းရောင်အောက်မှာတွေ့လိုက်ရပြီ၊ ဒီအမျိုးသမီးက သူ့ရဲ့ဝမ်းကွဲညီမ မဖြစ်နိုင်ဘူးလို့ သူခံစားမိလိုက်သည်။

ပိုင်ချင်ရှန်းရဲ့ပုံပန်းသဏ္ဍာန်က အများဆုံးမှ ရိုးရှင်းပြီးနူးညံ့သည်လို့ ပြော၍ရရုံသာဖြစ်၏။ သူမက အရပ်လည်းအရမ်းမရှည်ပေ၊ သို့သော်လည်း သူ့ရှေ့ရှိလူကတော့ ခြေတံတွေသွယ်လျရှည်လျားကာ ကျက်သရေရှိပြီး အချိုးအဆစ်ပြေပြစ်သည်။ သူမက ပိုင်ချင်ရှန်း လုံးဝမဟုတ်ပေ။

နဉ်ရှုက မျက်ခုံးပင့်ကာ ပေါ့ပါးစွာတုန့်ပြန်၏။

"ညီမက ပိုင်ချင်ရှန်းပါ ဝမ်းကွဲအစ်ကို။ ညီမက ညီမတို့ကတိကိုချိုးဖျက်ခဲ့ပြီး အစ်ကို့ကို သစ္စာဖောက်ခဲ့တယ်ဆိုတာ ညီမသိပါတယ်။ ဒါပေမယ့် ညီမ အဲ့အတွက် အပြစ်ပေးတာခံခဲ့ရပြီးပါပြီ။"

ဝမ်ရူဟွား မျက်မှောင်ကုတ်လိုက်မိသည်။ ဒီမိန်းမက ပိုင်ချင်ရှန်းမဟုတ်ဘူးဆိုတာ သူသေချာသိသည်၊ သို့သော်လည်း သူမက သူနဲ့ပိုင်ချင်ရှန်းတို့ကြားမှာဖြစ်ခဲ့တာတွေကို သိနေပုံပေါ်၏။ ဘာတွေဖြစ်နေတာလဲ?

သူ ဘာလုပ်ရမှန်း လုံးဝမသိတော့။

နဉ်ရှုက သူမမျက်နှာကိုပွတ်သပ်ကာ ပြော၏။

"ညီမရဲ့မျက်လုံးတွေက ကြီးလာပြီး တောက်ပလာတယ်လို့ အစ်ကိုမခံစားမိဘူးလား? ပြီး‌တော့ ညီမ အရပ်လည်းရှည်လာတယ်ဆိုတာကို‌ရောပေါ့။ ဘာဖြစ်ဖြစ် ညီမက ချမ်းသာတဲ့မိသားစုကိုလက်ထပ်ခဲ့ရတာပဲလေ။ ပင်လယ်သခွားတွေ၊ ပင်လယ်ခရုတွေကို စားပြီး နို့နဲ့ရေချိုးတာတွေ ကြာလာတာတော့ ပြောင်းလဲလာတာ ပုံမှန်ပါပဲ။ ကောင်းကောင်းစားပြီး ကောင်းကောင်းနေရရင် ခန္ဓာကိုယ်က ဒုတိယအကြိမ်ငယ်ရွယ်ပျိုမြစ်လာတာ ပုံမှန်ပဲလေ။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now