Chapter -16

6.2K 911 60
                                    

[Zawgyi]

{လော်ကျွင့်ယွမ် - လူကောင်းလား!?}

လော်ကျွင့်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်သူကမှ ကိုယ်တော့်ကို ဒီလိုမဆက်ဆံဖူးဘူး။ မိန်းကလေး...မင်း ကိုယ်တော့်ကို အောင်အောင်မြင်မြင်ရန်စလိုက်နိုင်ပြီ။"

လော်ကျွင့်ယွမ်စကားပြောလိုက်ချိန်မှာ တရုတ်နံနံအနံ့က သူ့ပါးစပ်မှထွက်လာသည်။ နဉ်ရှုနှင့်ယွဲ့လန်မှာ နောက်ကို တစ်ပြိုင်တည်းဆုတ်လိုက်မိကြသည်။

"အဲ့တော့ ရှင်ဘာဖြစ်ချင်လဲ? ဒီအသေးလေးကို သူမခန္ဓာကိုယ်နဲ့ ရှင့်ကိုပေးဆပ်စေချင်နေတာလား?"

နဉ်ရှု သူ့ဆီမှအဖြေကိုပင်မစောင့်တော့ဘဲ ယွဲ့လန်ကိုဆွဲခေါ်ကာ ထွက်သွားလိုက်သည်။

နဉ်ရှုတို့ထွက်သွားတာကိုကြည့်ရင်း သူကရေရွတ်သည်။

"စိတ်ဝင်စားစရာပဲ...စိတ်ဝင်စားစရာပဲ။"

သူက ဘုရင်ခံမင်းသားဖြစ်သည်။ အမျိုးသမီးတိုင်းက သူ့ကိုမြင်သည်နှင့် သူ့လက်မောင်းတွေကြားပစ်ဝင်နိုင်ရန် သူတို့လုပ်နိုင်သမျှအားလုံးလုပ်မည်ဖြစ်သော်လည်း ဒီအမျိုးသမီးကတော့ သူ့ကိုဒီလိုဆက်ဆံသည်။

စိတ်ဝင်စားမှုရအောင်လို့ စိတ်မဝင်စားချက်ယောင်ဆောင်တာ...ဟားဟား...။

ယွဲ့လန်မှာ ပေါက်စီစားနေရင်းဖြင့် နဉ်ရှုတစ်ယောက်မျက်နှာသိပ်မကောင်းတာကိုမြင်လိုက်တာကြောင့် တစ်ခုခုပြောရန် သူမကြိုးစားလိုက်သည်။

"မမလေး...စောစောကလူက လူကောင်းပဲ။ သူက ကျွန်မတို့ကို ဒီအခြေအနေကလွတ်အောင်တောင် ကူညီပေးလိုက်သေးတယ်။"

လူကောင်းလား!? နဉ်ရှု နှာခေါင်းကြိတ်ရှုံ့ကာ ပြောလိုက်သည်။

"နင့် ပေါက်စီတွေကိုပဲစားနေစမ်းပါ။"

လော်ကျွင့်ယွမ်ကို လူကောင်းတစ်ယောက်လို့ သေချာပေါက်ယူဆ၍မရပေ။ ဇာတ်ကြောင်းတွင် သူက ဝန်ကြီးချုပ်အိမ်တော်၌ မုယန်မုန့်ကိုမြင်သောအခါ သူမရဲ့အလှကြောင့်စိတ်ဝင်စားသွားပြီး စစ်ထူချင်းယွီထံမှ သူမကို ချက်ချင်းတောင်းယူခဲ့သည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now