Chapter - 71

3.6K 554 5
                                    

[Unicode]

{ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံးလူ}

ဝမ်ရူဟွား ဒေါသတကြီးဖြင့် ခြေလှမ်းတို့ကို အရှိန်မြှင့်လိုက်သည်။ သို့သော်လည်း လူရဲ့ခြေထောက်က မြင်းရဲ့‌ေြခထောက်ကို ကျော်နိုင်စရာအကြောင်းမရှိ‌ပေ။ ဝမ်ရူဟွားရဲ့ တတိယခြေထောက်လေးကိုပေါင်းထည့်မည်ဆိုလျှင်တောင် အသုံးမဝင်ပါချေ။

ရထားလုံးက သူ့နောက်ကိုလိုက်နေတာနဲ့ပတ်သက်ပြီး သူဘာမှမလုပ်နိုင်တဲ့အတွက် အဆုံးမှာ သူ သူတို့ကို လျစ်လျူရှုရန်ဆုံးဖြတ်လိုက်သည်။

ယွဲ့လန်က လိုက်ကာစကိုမကာ ဝမ်ရူဟွားကိုကြည့်လိုက်ပြီးနောက် နဉ်ရှုကိုမေးသည်။

"အဲ့လူရဲ့ဦးနှောက်က တစ်ခုခုဖြစ်နေတာလား မမလေး?"

"မဖြစ်ပါဘူး၊ သူက ဝမ်းနည်းမှုတွေထဲနစ်မြုပ်နေပြီး သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံးလူလို့ ထင်နေရုံလေးပါ။"

နဉ်ရှုက ညင်သာစွာပင်ပြန်ဖြေသည်။ သူက မထိုက်တန်တဲ့မိန်းမတစ်ယောက်အတွက်နဲ့ သူ့ရဲ့အနာဂတ်ကို လွှင့်ပစ်လိုက်တာ။

မဟုတ်ဘူး၊ သူက သူ့တစ်ဘဝလုံးကို စွန့်ပစ်လိုက်တာလို့ ပြောသင့်တယ်။ သူက သူ့ရဲ့အိုမင်းနေပြီဖြစ်တဲ့မိဘတွေရဲ့ကံကြမ္ာကို နည်းနည်းလေးတောင်အလေးမထား၊ ဂရုမစိုက်တော့ဘဲ အိမ်ကထွက်လာခဲ့ပြီး ဒီဝေးလံခေါင်သီတဲ့ရွာလေးမှာ စာလာသင်ပေးနေတာလေ။ စိတ်အားထက်သန်မှုမရှိတဲ့ သူ့အကျင့်စရိုက်နဲ့ဆို သူ့တပည့်တွေက ဘယ်လိုပုံစံတွေများထွက်လာမှာပါလိမ့်?

ဇာတ်ကြောင်းမှာတော့ မုယန်မုန့်က လီယုဖေးလွှတ်လိုက်တဲ့ လူသတ်သမားတွေလက်က လွတ်နိုင်ဖို့ကြိုးစားရင်း တောင်စောင်းပေါ်ကပြုတ်ကျသွားပြီး ဆေးပင်လာခူးတဲ့ ဝမ်ရူဟွားကယ်တာကိုခံလိုက်ရသည်။ သူမ အသက်ရှင်ခဲ့ပေမယ့် သူမရဲ့ရုပ်က ပျက်စီးနေပြီး ခန္ဓာကိုယ်မှာလည်း နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ပြည့်နေတာမို့ သူမရဲ့သွင်ပြင်က ကြောက်စရာကောင်းနေတော့သည်။

ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးက အခုတော့ ရုပ်ဆိုးဆိုး မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားခဲ့ချေ၏။ မုယန်မုန့်က သူမရဲ့ရုပ်ရည်ကိုဖုံးကွယ်ထားဖို့အတွက် ရွေးစရာမရှိတော့ဘဲ ဇာပဝါကို နေ့တိုင်းဝတ်ဆင်ထားရတော့သည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now