Chapter - 35

4.7K 746 6
                                    

[Zawgyi]

{ကျောက်စိမ်းလိုနူးညံ့သိမ်မွေ့ပြီးပြည့်စုံတဲ့အမျိုးကောင်းသား}

"နင်ရှင်းပြလိုက်"

နဉ်ရှုက ယွဲ့လန်ကိုပြောသည်။

"ငါတို့က ဒီကို ကျေးဇူးကြွေးဆပ်ဖို့လာတယ်ဆိုတာ သူမယုံဘူးဖြစ်နေတယ်။"

ယွဲ့လန်က ခါးထောက်ကာ တံခါးစောင့်လူငယ်အား အဖြစ်အပျက်တစ်ခုလုံးကို လုံးစေ့ပတ်စေ့လျင်မြန်စွာရှင်းပြလိုက်သည်။ သူမစကားပြောတာက မြန်လွန်းတာကြောင့် တံခါးစောင့်လူငယ်မှာ သူမပြောတာတွေကို အမှီနားထောင်ရန်ကြိုးစားရင်းနှင့် သူ့မျက်လုံးတွေက ခြင်ဆေးခွေတစ်ခုပုံစံဖြစ်လာတော့သည်။
[T/N : နားမလည်လို့ မျက်စိလည်သွားတာကိုပြောချင်တာ။]

"ဒါက ဘာဖြစ်ခဲ့တယ်ဆိုတာပဲ။ ဒါပေမယ့် ငါနဲ့ငါ့မမလေးက ဘယ်လိုလုပ်ပြီး ငွေစနှစ်ဆယ်ပဲတန်ရတာလဲ? လွန်လွန်းတယ်!"

ယွဲ့လန်က မတရားခံရသည့်အမူအရာဖြင့် အော်လေ၏။

လူရွယ်က ချက်ချင်းပင်ပြန်ချေပလာသည်။

"ငွေစနှစ်ဆယ်ဆိုတာ တော်တော်များနေပြီ။ ခင်ဗျားတို့နှစ်ယောက်ရဲ့ရုပ်မျိုးကို ကျုပ်တို့သခင်လေးက ငွေစနှစ်ဆယ်ပေးတာကိုက အရမ်းသဘောကောင်းလွန်းနေပြီ။"

ယွဲ့လန်က ပြန်ငြင်းရန်ပြင်လိုက်သော်လည်း နဉ်ရှုက သူမကိုတားလေ၏။ ဝေါယာဉ်တစ်လုံးက အဝင်ဝမှာရပ်သွားသည်။ဝေါယာဉ်ထဲကလူက အမျိုးသားဇာတ်လိုက်samaပဲဆိုတာကို နဉ်ရှုရဲ့မသိစိတ်ကပြောနေသည်။

သူမ လိုက်ကာစကိုကြည့်လိုက်ပြီး မကြာခင်မှာပဲ လိုက်ကာစက ယပ်တောင်တစ်ခုနဲ့မတင်ခြင်းခံလိုက်ရသည်။ ဒါကိုမြင်တဲ့အခါ သူမက အသံကိုအကြမ်းတမ်းဆုံးအနေအထားရောက်အောင်လုပ်ကာ ဆအ်ာလိုက်သည်။

"နောက်ဆုံးတော့ ရှင့်ကိုရှာတွေ့ပြီပဲ!"

ချီရှန်းက ဝေါယာဉ်ထဲကထွက်လာပြီး ဒီအသံကိုကြားလို့လှည့်ကြည့်လိုက်တဲ့အခါ နှုတ်ခမ်းကို အနီရောင်ရဲတောက်နေအောင်ဆေးဆိုးထားတဲာအမျိုးသမီးတစ်ယောက်က သူ့ကိုအော်ပြောနေတာကိုတွေ့လိုက်ရလေ၏။ ယပ်တောင်ကိုင်ထားတဲ့သူ့လက်က တုန်ခါသွားပြီး သူက မျက်မှောင်ကုတ်လျက်မေးလာသည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now