Chapter - 123

2.8K 526 34
                                    

Unicode

မကောင်းတဲ့လွှမ်းမိုးမှုတွေ
____________

နဉ်ရှုက သူမကို အရေးမလုပ်ပါချေ။ နဉ်ရှုက သူမကိုလျစ်လျူရှုနေတာကို ထိုအမျိုးသမီးမြင်သည်၌ သူမက နှုတ်ခမ်းတို့ကို အထင်အမြင်သေးစွာတွန့်ကွေး၏။

"နင်က ဘာတွေများ ဘဝင်မြင့်နေရတာလဲ? ဂိုဏ်းချုပ် နင်နဲ့အိပ်ပြီးတာနဲ့ နင်လည်း သူ့ကိုစွဲလန်းသွားမှာပဲ။ ဟဲ့၊ ငါ နင့်ကိုပြောနေတယ်လေ! နင် ဘယ်ကိုသွားနေတယ်ထင်နေတာတုန်း?"

"ရပ်လိုက်!"

အမျိုးသမီးက နဉ်ရှုကိုဆွဲဖို့ လက်လှမ်းလိုက်သော်လည်း နဉ်ရှုဘေးမှ နတ်ဆိုးဂိုဏ်းသားကအော်လာ၏။

"ရိုင်းပျလိုက်တာ!"

"ကြီးကြပ်ရေးမှူးလျို။"

အမျိုးသမီးက သူ့ကို မျက်နှာချို‌သွေးကာပြုံးပြရင်းမေးသည်။

"ဂိုဏ်းချုပ်က ဘာလို့ ကျွန်မကိုလုံးဝမခေါ်တာလဲဟင်?"

ကြီးကြပ်ရေးမှူးလျိုရဲ့မျက်လုံးတွေထဲမှာ အထင်သေးမှုတစ်ချို့ဖြတ်ပြေးသွားသည်။

"ဂိုဏ်းချုပ်မှာ သူ့ကိုယ်ပိုင်လုပ်စရာကိစ္စတွေရှိတယ်။ မင်းအလုပ်က စောင့်နေဖို့ပဲ။"

"ဟုတ်ကဲ့၊ နားလည်ပါပြီ။"

နဉ်ရှု အမျိုးသမီးကိုထပ်ကြည့်လိုက်သည်။ သူမက သိပ်မလှပေ။ အများဆုံးမှ သူမကို မိသားစုသေးသေးလေးရဲ့ နဂါးသွဲ့ကျောက်လေးလို့ပြောနိုင်ရုံသာဖြစ်သည်။ သူမက ကုန်းဝူမေ့ကိုချစ်သွားတာ သိသာနေသည်။

အဲ့အယုတ်တမာကောင်ကုန်းဝူမေ့က တကယ်ကိုမကောင်းဆိုးရွားကောင်ပဲ။ သူက ဒီမိန်းမတွေရဲ့ခန္ဓာကိုယ်ကို ညစ်နွမ်းအောင်လုပ်ရုံတင်မကသေးဘဲ သူတို့ရဲ့နှလုံးသားတွေကိုပါ လှည့်စားယူဆောင်သွားသေးတယ်။ ဒါပေမယ့် ဒါက သူ့မျက်နှာက အရမ်းကိုအားကောင်းလွန်းလို့ဆိုလည်းဟုတ်တယ်။ သူ့မျက်နှာကိုခုခံနိုင်တဲ့မိန်းမတွေက အရမ်းကိုနည်းတယ်ရယ်။

နဉ်ရှုမှာ ကုန်းဝူမေ့ရဲ့အခန်းဆီခေါ်ဆောင်သွားခြင်းခံရ၏။ တံခါးကို ခပ်ကျယ်ကျယ်ဖွင့်ဟထားသည်။ သူမ တံခါးနားရောက်သွားချိန်မှာ အထဲကလာတဲ့ရိုးတိုးရိပ်တိပ်အသံတွေကို ကြားလာရသည်။ ကုတင်ပေါ်မှာတွဲလွဲကျနေတဲ့ခန်းဆီးစတွေကတစ်ဆင့် လှုပ်ရှားနေတဲ့လူရိပ်တွေကို ဝိုးတိုးဝါးတားလှမ်းမြင်နေရသည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Donde viven las historias. Descúbrelo ahora