Chapter - 45

4.1K 723 3
                                    

[Zawgyi]

{ချက်ပြုတ်ခြင်းအဆင့် 0 ရတယ်လား?}

ဘာကြောင့်အရမ်းနည်းနေလည်းဆိုတာ သူမ 2333ကိုမေးကြည့်လိုက်သည်။ ချီရှန်းက အပြင်ပန်းမှာကြင်နာတတ်ပုံပေါ်သော်လည်း အတွင်းစိတ်ကအကြံအစည်များတွက်ချက်တတ်ကာ နှလုံးသားမဲ့သူဖြစ်သည်။

ချီရှန်းက သူမကိုအပြင်တင်တော့ နဉ်ရှုက တုန်လှုပ်ခြောက်ချားနေတဲ့ကြာပန်းဖြူ ဆလးဟန်နဲ့ ဝမ်းနည်းသလိုနှုတ်ခမ်းစူကာ အလျင်အမြန်တုန့်ပြန်လိုက်သည်။

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်မ အမှားပါ။ ကျွန်မ ဒီတာဝန်ကို အကောင်းဆုံးလုပ်ခဲ့ပေမယ့် သခင်မလေးယုဖေးကို စိတ်ဆိုးစေမိပြီ။ ကျွန်မ တောင်းပန်ပါတယ်။"

လီယုဖေးမှာ သူမမျက်နှာထက်၌ အပြုံးကိုထိန်းမထားနိုင်တော့ပါချေ။ သို့သော်လည်း ဒီကိုလာရတဲ့ရည်ရွယ်ချက်ကိုသတိရသွားတဲ့အတွက် သည်းခံလိုက်သည်။ သူမက နူးညံ့စွာဆို၏။

"ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရှောင်ဟုန်ကလည်း တို့အကြိုက်တွေကို သိမှမသိဘဲ။ ပြီးတော့ ဒီအပြင်အဆင်ကလည်း အရမ်းကြီးမဆိုးပါဘူး။"

နဉ်ရှုက စိတ်သက်သာရာရသွားသလိုမျိုး အပြုံးကြီးကြီးပြုံးလိုက်ကာ ရင်ထဲခံစားသွားရဟန်နဲ့ ရှေ့တိုးလာကာ လီယုဖေးရဲ့လက်တွေကိုကိုင်လိုက်သည်။

"သခင်မလေးယုဖေးက အရမ်းကောင်းတာပဲ!"

လီယုဖေးမှာ ကြမ်းတမ်းသောအထိအတွေ့၏လွှမ်းမိုးမှုကို ချက်ချင်းခံလိုက်ရသည်။ ထပ်ပြောရလျှင် တစ်ဖက်လူရဲ့လက်တွေက အဆီတွေပြန်ပြီး ချွေးတွေရွှဲနေသလိုပင်။ ဒီရောထွေးနေတဲ့ထိတွေ့ခံစားရမှုက သူမကို အန်ချင်လာစေသည်။

ဘုရားသခင်၊ သူက ဘယ်သူများလဲ? ဒီလိုလူမျိုးကို ချီရှန်းက ဘာလို့သူ့ဘေးနားထားထားရတာလဲ? အရမ်းရွံတာပဲ!

ချီရှန်းက လီယုဖေး၏ရုန်းကန်နေရမှုကို သိနေဟန်ဖြင့် သူမကိုနဉ်ရှုကိုင်ထားတာကနေ ကယ်တင်ရန် အလျင်စလိုလှုပ်ရှားလိုက်သည်။ လီယုဖေး အန်ချင်စိတ်ကိုမြိုသိပ်ရင်း သူမလက်ကို လက်ကိုင်ပဝါနဲ့ ခပ်မြန်မြန်ပင်သုတ်လိုက်သည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now