Chapter - 79

2.9K 444 0
                                    

[Unicode]

{လောကကြီးက ကျီးကန်းအတောင်တွေလို မည်းမှောင်နေတယ်}

နဉ်ရှုက ဝမ်ရူဟွားရဲ့မျက်လုံးတွေထဲက ရွံရှာမှုတွေကို မတွေ့သလိုဟန်ဆောင်ကာ‌မေးလေ၏။

"ဝမ်းကွဲအစ်ကို၊ ညီမတို့ ဘာစားကြမှာလဲ?"

ဝမ်ရူဟွားက အေးစက်စွာပြန်ဖြေသည်။

"မင်းမှာ ငွေတွေအများကြီးရှိတယ်မဟုတ်ဘူးလား? ရွာသားတစ်ယောက်ကိုရှာပြီး စားစရာအတွက် ငွေပေးလိုက်ပေါ့။"

နဉ်ရှုက မေးသည်။

"ဒါဆို အစ်ကိုက ဘာစားမှာလဲ?"

"မင်းအပူမပါဘူး။ ပိုင်ချင်ရှန်း၊ မင်း ဒီမှာနေတာကို ငါ မကန့်ကွက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက မင်းကို ဘာလုပ်ပါဆိုပြီး ပြောခွင့်ရှိတာမှမဟုတ်ဘဲ၊ ဒါပေမယ့် ငါ့ဘဝထဲဝင်ပါဖို့တော့ မကြိုးစားနဲ့။ မင်းက မင်းစိတ်ထဲက လိပ်ပြာမလုံမှုကို ဖြေဖျောက်ဖို့ကြိုးစားတဲ့အနေနဲ့ ငါ့ကို ဒီလိုတွေလုပ်ပေးနေတာ၊ ဒါပေမယ့် ငါက မင်းဖြစ်စေချင်သလို လုပ်မှာမဟုတ်ဘူး!"

ဝမ်ရူဟွားက အေးစက်စွာဆိုသည်။

ဘယ်သူက နင့်အတွက် လုပ်ပေးချင်နေလို့လဲ? နင်က လုပ်ကြံထားတဲ့အကြောင်းပြချက်ကို တကယ်ကြီး အတည်မှတ်နေတာလား? နဉ်ရှုက သူမရဲ့ရွံရှာမှုတွေကို စိတ်ထဲမှထုတ်ဖော်နေ၏။ သူမက ဘာလို့ သူ့ဘဝကို  စုတ်ပြတ်သတ်သွားအောင် လက်စားချေဖို့မလာရတာလဲ?

ဒါပေမယ့် သူက ဒီလိုပြောလာမှတော့ သူမကလည်း ဘယ်လိုနည်းနဲ့မှ ကိုယ့်ကိုကိုယ်ဒုက္ခပေးနိုင်‌ပေါင်။ သူမက ယွဲ့လန်ကိုဆွဲခေါ်ကာ စားစရာရှာဖို့ ပြင်လေ၏။ သူမက ထွက်မသွားခင် ဟန်ဆောင်ပန်ဆောင်ဖြင့်မေးလေသည်။

"ဝမ်းကွဲအစ်ကို၊ ညီမတို့ ဘာလို့ အတူတူမသွားတာလဲ? အစ်ကို အသားစားဖူးတာ အတော်လေးကြာနေလောက်ပြီ။ သူတို့ အစ်ကို့အတွက် ကြက်သားဟင်းချက်ပေးအောင် ညီမ သူတို့ကို နည်းနည်းပိုပေးလိုက်မယ်လေ။ အစ်ကို့ခန္ဓာကိုယ်က အားရှိမှ စာမေးပွဲဖြေဖို့ စာလေ့လာတာမှာ အာရုံစိုက်နိုင်မှာပေါ့။ အစ်ကို့တစ်ဘဝလုံး ဒီမှာပဲကုန်ဆုံးမလို့တော့ မဟုတ်ပါဘူးနော်?"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now