Chapter - 115

2.7K 494 14
                                    

Unicode

ပုံမှန်အတိုင်းမဟုတ်တဲ့ကိစ္စတွေမှာ မြန်မြန်တတ်ကျွမ်း
_________________

နတ်ဆေးသမားတော်က နဉ်ရှုနဲ့ရွှီယွီတို့ကို အဆိပ်ဘယ်လိုဖော်စပ်ရမယ်ဆိုတာ စတင်သင်ကြားပေးသည်။

"အဆိပ်ဆိုတာက အဆိပ်အာနိသင်ရှိတဲ့ ဆေးပင်တွေ၊ ဒါမှမဟုတ် ဆေးရည်တွေကိုပေါင်းစပ်ပြီး ဖြစ်လာတဲ့ရလဒ်ပဲ။ ဒါက များများသုံးရင် သေနိုင်တဲ့ဆေးပင်တွေအများကြီးသုံးမိတာကြောင့်လည်းဖြစ်နိုင်တယ်။"

ထို့နောက် သူက နဉ်ရှုကို အဆိပ်ဖော်စပ်နည်းပေါင်းစုံရေးသားထားသည့်‌စာအုပ်တစ်အုပ်ပေးသည်။ နဉ်ရှုမှာ မကြာမီအချိန်အတွင်း၌ပင် အဆိပ်ဖော်စပ်နည်းအတော်များများကို ကျွမ်းကျင်သွား၏။

နတ်ဆေးသမားတော်က အေးစက်စွာမှတ်ချက်ချ၏။

"မင်းက တကယ်ကိုပဲ ပုံမှန်အတိုင်းမဟုတ်တဲ့ကိစ္စတွေကို မြန်မြန်တတ်ကျွမ်းတာပဲ။"

နဉ်ရှုက ယဉ်ကျေးသည့်ရယ်သံတစ်ချက်သာပေး၏။

"မင်းရဲ့အားလပ်ချိန်တွေမှာလေ့လာဖို့ ဒီစာအုပ်ကို ဆက်သိမ်းထားလို့ရတယ်။ ငါ အချိန်အတော်ကြာပြန်လာဖြစ်မှာမဟုတ်လို့ ရွှီယွီ့ကိုကောင်းကောင်းဂရုစိုက်။"

နတ်ဆေးသမားတော်က နူးညံ့စွာဆိုသည်။

"တပည့်သိပါတယ်။ စိတ်မပူပါနဲ့ဆရာ။"

နဉ်ရှုက စိတ်အေးအေးထားဖို့ပြန်ဖြေသည်။

နတ်ဆေးသမားတော်က နဉ်ရှုကိုဆက်ကြည့်နေ၏။ သူ့အကြည့်ကို နဉ်ရှုတွေ့တဲ့အခါ သူမက ခဏမျှအံ့အားသင့်သွားပြီးနောက် မေးလိုက်၏။

"ဆရာ၊ ဆရာ့မှာ ထပ်ပြီးမှာကြားစရာရှိသေးလို့လား?"

"မရှိဘူး။ မနက်ဖြန် ငါ့ကို လိုက်ပို့စရာမလိုဘူး။"

ထိုသို့ပြောပြီးနောက် နတ်ဆေးသမားတော်ကလှည့်ထွက်ကာ သူ့အခန်းထဲဝင်သွားပြီး တံခါးပိတ်လိုက်သည်။

"ဆရာ၊ ခဏလေး။"

နဉ်ရှုက တံခါးကိုတွန်းဖွင့်ကာ သူ့ကို ဆေးပုလင်းလေးတစ်ခုပေးလိုက်သည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now