Chapter - 28

5.4K 846 29
                                    

[Zawgyi]

{ဒီနိမ့်ကျတဲ့အမျိုးသမီးရဲ့ခံစားချက်အစစ်အမှန်}

နဉ်ရှု သူ့ရဲ့ဒဏ်ရာတွေအားလုံးကို ဆွပြီးတာတောင်မှ စစ်ထူချင်းယွီက သူ့ဒေါသကိုထိန်းချုပ်ထားနိုင်ဆဲပင်။ သူက နဉ်ရှုရဲ့လက်တွေကိုဆွဲဖို့ လက်လှမ်းလိုက်ပေမယ့် သူမလက်တွေက သူမကျောဘက်မှာရောက်နေတာကြောင့် သူက သူ့လက်တွေကို သူမပခုံးပေါ်ပဲတင်လိုက်နိုင်ကာ သူက ရိုးသားတဲ့အမူအရာနဲ့ပြောလာလေ၏။

"မုယန်မုန့်၊ ကိုယ် မင်းအပေါ်ခံစားချက်ရှိနေပြီ။"

နဉ်ရှုကတော့ မျက်နှာမဲ့ခြင်းဖြင့်သာတုန့်ပြန်လေသည်။

စစ်ထူချင်းယွီက နဉ်ရှုကိုနမ်းရန်လှုပ်ရှားလိုက်သည်။ သူ့မျက်နှာနီးကပ်လာတာနဲ့အမျှ နဉ်ရှု သူ့ဆီတံတွေးထွေးပစ်ချင်စိတ်တို့ပြင်းပြလာသည်။

အကုန်လုံးပြောပြီးနောက် အမှန်တရားကတော့ သူက သူမခန္ဓာကိုယ်ကိုလိုချင်ရုံသာ။

နဉ်ရှု သူ့နှုတ်ခမ်းတွေကနေရှောင်ရှားဖို့ မျက်နှာကိုလွှဲဖယ်လိုက်ကာ ညှိုးငယ်စွာပြောလိုက်သည်။

"စစ်သူကြီးက ယန်မုန့်ကို ရယူဖို့ကြိုးစားနေတာလား?"

စိတ်တိုနေဟန်တစ်ပိုင်းတစ်စက စစ်ထူချင်းယွီမျက်နှာထက်မှာ ဖြတ်ပြေးသွားသည်။ သူ ဘုရင်ခံမင်းသားနဲ့လုပ်ခဲ့တဲ့အလောင်းအစားက အမဲလိုက်ကစားကွဲတစ်ခုထက်မပိုပေမယ့် ဒီမိန်းမက ဒီ့အတွက်ကြောင့် ပိုပြီးလေလုံးထွားလာတယ်။ သူမသဘောက သူ့ကိုအချိန်ဆွဲချင်တာပဲ။

နဉ်ရှု သူ့ရဲ့စိတ်ရှုပ်နေမှုကို သတိထားမိသော်လည်း သူမက ချစ်စရာငတုံးမလေးလို ဆက်လက်ဟန်ဆောင်နေပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။

"စစ်သူကြီး၊ ကျေးဇူးပြု ပြီး ကျွန်မကိုလေးစားပေးပါ။ ရှင် ကျွန်မကိုချစ်ရင် ကျွန်မကို လေးစားသင့်တယ်လေ။ ကျွန်မတို့က လက်မထပ်ရသေးတာကို လက်ထပ်ပြီးသားလူတွေလုပ်တဲ့ကိစ္စမျိုးကို လုပ်လို့မရဘူးလေ။ စစ်သူကြီးလိုချင်တာက ယန်မုန့်ရဲ့ခန္ဓာကိုယ်လား?"

စစ်ထူချင်းယွီက သူ့ရဲ့မကျေမနပ်ဖြစ်နေမှုကိုချိုးနှိမ်ကာ နဉ်ရှုရဲ့ပခုံးတွေကို ပိုတင်းတင်းဆုပ်ကိုင်လိုက်သည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now