Chapter - 125

2.7K 493 3
                                    

Unicode

ကျွန်မက မြင့်မြတ်တဲ့မိခင်နဲ့တူလို့လား?
________________

"ဒါဆို ဒီကုသမှုရဲ့ပထမဆုံးအဆင့်က မိန်းမတွေနဲ့အိပ်တာကို ရပ်လိုက်ဖို့ပဲ။"

နဉ်ရှုက အသည်းအသန်အလေးအနက်ထားနေသည့်အမူအရာဖြင့်ဆိုသည်။

ကုန်းဝူမေ့က မျက်ခုံးပင့်သည်။

"ကိုယ့်အတွင်းဒဏ်ရာတွေ ပြန်ထလာလို့ ကိုယ် မိန်းမတစ်ယောက်နဲ့မအိပ်ရင် ကိုယ့်သွေးကြောတွေ ပေါက်ကွဲသွားလိမ့်မယ်။ မင်းက ကိုယ် သွေးကြောတွေပေါက်ပြီးသေသွားတာကို ကြည့်ချင်လို့လား?"

ကုန်းဝူမေ့ရဲ့လေသံက အင်မတန်အေးစက်လို့နေကာ နဉ်ရှုကိုကြည့်နေတဲ့သူ့မျက်ဝန်းတွေကတော့ လူသတ်လိုစိတ်တို့ရှိနေသည်။

နဉ်ရှုက နူးညံ့စွာပြန်‌ဖြေသည်။

"ရှင့်ချီစွမ်းအားတွေ ကမောက်ကမဖြစ်တိုင်း ရှင်က ထိန်းချုပ်လို့မရတဲ့ချီစွမ်းအားတွေကိုထုတ်လွှတ်ဖို့ ဒီနည်းလမ်းကိုသုံးတယ်။ ဒါပေမယ့် ဒီနည်းက ရှင်ရော၊ ရှင်နဲ့အိပ်တဲ့မိန်းမကိုပါ ထိခိုက်စေတယ်။ ကျွန်မ အရင်ကလည်းပြောခဲ့ပြီးပြီ၊ ရှင့်သမားတော်လုပ်ဖို့ဆုံးဖြတ်ပြီးမှတော့ ကျွန်မ ရှင့်အတွက်တာဝန်ယူမှာပါ။ ဒါက သမားတော်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ကိုယ်ကျင့်တရားပဲ။"

ထိုသည်ကိုပြောနေရင်းနှင့် သူမ၏မျက်နှာမှာ မြင့်မြတ်သည့်အလင်းရောင်တို့ဖြာထွက်ကာ တောက်ပလာသလိုရှိသည်။

"ငါ မင်းကို ဒီတစ်ကြိမ်ယုံပေးလိုက်မယ်၊ ဒါပေမယ့် တစ်ခုခုဖြစ်ခဲ့ရင် ငါ မင်းကို အသက်ရှင်လျက်ချက်စားပစ်မယ်။ နှင်းထက်တောင်သန့်စင်ပုံရတဲ့ မင်းရဲ့နူးညံ့တဲ့အရေပြားက ဘယ်လိုအရသာရှိမလဲ ငါ တကယ်သိချင်မိတယ်။ ငါ မင်းကို အခုချက်ချင်းတောင်စားချင်တာ။"

ခေါင်းချောင်နေတဲ့ငကြောင်ကောင်။

"ဒီကုသမှုကိုခံယူဖို့ဆုံးဖြတ်လိုက်တဲ့ ရှင့်ဆုံးဖြတ်ချက်ကိုပြသဖို့ ဒီနန်းတော်ထဲကမိန်းမတွေအကုန်လုံး အဝေးကိုပို့လိုက်။ အဆုံးသတ်ကျမှ ရှင် မထိန်းချုပ်နိုင်တော့ဘဲ သူတို့နဲ့ ထပ်အိပ်မိသွားရင် ဘယ့်နှယ်လုပ်မလဲ? ရှင် သူတို့ကို အဝေးပို့သင့်တယ်။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now