Chapter - 131

2.5K 459 17
                                    

Unicode

သူမက သူ့အမေလား?
___________

နဉ်ရှုမှာ ဘယ်လိုအမူအရာမျိုးနဲ့တုန့်ပြန်ရမလဲဆိုသည်ကိုပင် မသိတော့။ သူ့ရဲ့ 'မင်းဒါကိုပြင်ရမယ်'ဆိုတဲ့အမူအရာကိုမြင်သည်၌ သူမမှာ ပြားပြားဝပ်‌နေတာတောင် သေနတ်ကျည်ဆံအမှန်ခံလိုက်ရသလိုခံစားသွားရရှာ၏။

ကုန်းဝူမေ့က သူ့ခန္ဓာကိုယ် ဒီလိုဖြစ်လာတဲ့အထိ ထိန်းချုပ်ထားလိမ့်မယ်လို့ သူမ တကယ်မထင်ထားခဲ့ဘူး။ ပုံမှန်ဆို မင်း နားနေခန်းကိုသွားဖို့လိုနေရင် ဘာလို့ မသွားဘဲနေမှာတုန်း?  ဘယ်သူက သူတို့ကိုယ်သူတို့ချုပ်တည်းတဲ့နေရာမှာ ဒီလောက်ခိုင်မာပြတ်သားနေမှာလဲလို့?

သူ အဲ့ဒါကို မိန်းမတွေနဲ့လုပ်လို့မရဘူးဆိုတာက တစ်ခြားရွေးချယ်စရာမရှိတော့ဘူးလို့ မဆိုလိုဘူးလေ! သူ သူ့လက်ကိုပဲ အသုံးပြုလို့မရဘူးလား?

ဒါကြီးက တကယ်ကိုမယုံနိုင်စရာကြီး။ သူ့လက်တွေက ဘာအတွက်လဲဆိုတာ သူမေ့သွားတာလား?

သူမက သူ့အမေလား? သူက ဘာလို့ အရမ်းနာခံနေရတာလဲ?

နဉ်ရှုက သူမရဲ့လည်ပင်းကိုပွတ်ကာဆို၏။

"ဒါ...ဒါ နည်းနည်းတော့ခက်တယ်။"

"မင်း မပြင်နိုင်ဘူးလား?"

ကုန်းဝူမေ့က ထထိုင်လိုက်ပြီးနောက် သူ့မျက်နှာအရောင်က အကြီးအကျယ်ပြောင်းလဲသွားကာ သူက ဖြည်းဖြည်းချင်းပြန်လှဲချလိုက်သည်။ သူ့အောက်ပိုင်းက ထပ်ပြီးစိုစွတ်လာပြန်ပြီ။ သူ့အောက်ပိုင်းက အချိန်အခါကိုလုံးဝအာရုံမထားတဲ့အချက်က သူ့ကို တကယ်သေချင်စိတ်ပေါက်လာစေတယ်။

နဉ်ရှုမှာ လေနှင့်ပါလာသည့် ထူးဆန်းသည့်ရနံ့တစ်ခုကို ထပ်ရလိုက်သည်။ စောစောက ကုန်းဝူမေ့ အရမ်းလှုံ့ဆော်မိသွားလို့ ထပ်လွှတ်လာတာဖြစ်မယ်။ ဒါက၊ ဒါက...

ကုန်း‌ဝူမေ့ရဲ့မျက်နှာအရောင်က အလွန်ပင်ဆိုးဝါးလျက်ရှိသည်။ သူက နဉ်ရှုကိုကြည့်ကာ အေးစက်စွာဆိုလာ၏။

"မင်း ဒါကိုပြင်ရမယ်။"

"မဟုတ်လို့ကတော့ မင်း သေမယ်။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now