Chapter - 143

3.3K 492 4
                                    

Unicode

ငါလည်းအသစ်ပဲ‌လေ
____________

"မမလေး၊ မမလေး!"

ယွဲ့လန်က မုယန်မုန့်ရဲ့ပခုံးတွေကို အထိတ်ထိတ်အပျာပျာဖြင့်လှုပ်ခါလိုက်သည်။

"ဆရာတူအစ်မ၊ ဆရာတူအစ်မ..."

ကောင်ပေါက်စလေးရွှီယွီက မယုံကြည်နိုင်တဲ့အမူအရာနဲ့ သူမသွေးကြောကိုစမ်းကြည့်ဖို့ပြေးလာ၏။

"ဆရာတူအစ်မ၊ အစ်မ ဘယ်လိုလုပ်ပြီး ဒီလိုသေသွားနိုင်ရတာလဲ?"

ဝဲကတော့တစ်ခုက လေထဲမှာဖြစ်ပေါ်လာကာ နဉ်ရှုရဲ့ဝိဉာဉ်ကိုစုပ်ယူသွားသည်။ သူမရဲ့ဝိဉာဉ်က စုတ်ဖြဲခံနေရသလိုခံစားလိုက်ရပြီး သူမ သတိမေ့သွားတော့သည်။

သူမ သတိပြန်ရလာချိန်မှာတော့ systemနယ်မြေနဲ့ အရမ်းကိုတူတဲ့ မြူတွေဆိုင်းနေသည့်နေရာတစ်ခုမှာရောက်နေတာကို တွေ့လိုက်ရ၏။ systemနယ်မြေကိုပြန်ရောက်လာတာဖြစ်ရမယ်လို့တွေးလိုက်မိတာကြောင့် သူမက အားပျော့စွာအော်သည်။

"System 2333-sama၊ နင်ရှိလား?"

2333က သူမကို တုန့်ပြန်လာခြင်းမရှိပေ။ ပတ်ဝန်းကျင်ကလည်း ဘာသံမှမကြားရဘဲ ခြောက်ကပ်တိတ်ဆိတ်နေ၏။ နဉ်ရှုဆစ်ယောက် မကောင်းတဲ့ခံစားချက်ကြီးရလာတော့သည်။ systemက ဘာလို့ ဒီမှာမရှိတာတုန်း? သူမ ဘယ်ရောက်နေတာလဲ?

"ဟေး၊ ဟေ့! System..."

နဉ်ရှုက အော်သည်။ သို့သော်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေဆဲဖြစ်ကာ သူမအသံက မြူဆိုင်းနေတဲ့ဒီနေရာမှာ ပဲ့တင်ထပ်နေ၏။

ဘာဖြစ်နေတာတုန်းဟ? သူမ နည်းနည်းတော့ကြောက်စပြုလာသည်။

ဒီနေရာက systemနယ်‌မြေမဟုတ်ဘူး၊ ဒါပေမယ့် systemနယ်‌မြေမဟုတ်ရင် ဒီနေရာက ဘာတုန်း? လက်ရှိအချိန်၌ သူမသည် ဝိဉာဉ်သာဖြစ်သော်ငြား အန္တရာယ်တစ်ခုချဉ်းကပ်လာနေသည်ကို ခံစားနေရပြီး သူမရဲ့ဆံပင်တွေက အဆုံးထိထောင်ထသွားရသည်။

သူမက သူမရဲ့မှိန်ဖျော့နေတဲ့ဝိဉာဉ်ကိုငုံ့ကြည့်လိုက်ပြီး systemနဲ့ဆက်သွယ်ဖို့ ဘာနည်းလမ်းမှမရှိတာကြောင့် အင်မတန်စိုးရိမ်လာ၏။

သို့သော်လည်း သူမက သူမကိုယ်သူမ တည်ငြိမ်နေဖို့ ဖိအားပေးလိုက်သည်။ ပုံမှန်ဆိုရင်တော့ ကောင်းချီးပေးမှုက ကံဆိုးမှုမဟုတ်ဘဲ ကံဆိုးမှုကလည်း မင်းရှောင်ရှားနိုင်တဲ့အရာမဟုတ်ဘူး။ သူမက ကြမ်းပေါ်မှာထိုင်ချလိုက်ကာ ဒီနယ်‌မြေထဲကအရာတွေက systemနယ်မြေထဲကဟာတွေလို အလုပ်လုပ်မလားဆိုတာ မသိတာတောင်မှ သူမရဲ့ဝိဉာဉ်သန်မာလာစေဖို့အတွက် systemနယ်မြေမှာလုပ်နေကျအတိုင်း အဲ့အရာတွေကို စုပ်ယူဖို့ကြိုးစားလိုက်သည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now