Chapter - 9

7K 1K 16
                                    

[Zawgyi]

<အရင်ဆုံးသတ်၊ ပြီးမှ အဓမ္မကျင့်ရင်ရော?>

ယွဲ့လန်ထွက်သွားပြီးနောက် စစ်ထူချင်းယွီက နဉ်ရှုကိုကြည့်ရန် ခေါင်းငုံ့လာပြန်၏။ နဉ်ရှုက စစ်ထူချင်းယွီရဲ့အကြည့်ကို တည်ငြိမ်စွာရင်ဆိုင်ရင်း သူမအင်္ကျီလက်ရှည်နဲ့ဖုံးနေတဲ့ ကပ်ကြေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ ယွဲ့လန် အဝတ်စတွေညှပ်ပြီးတော့ သူမ ကပ်ကြေးကို တိတ်တိတ်လေးယူထားခဲ့တာဖြစ်သည်။

စစ်ထူချင်းယွီကသာ သူမကိုတစ်ခုခုလုပ်ရဲရင် သူမ လုံးဝတုန့်ဆိုင်းမနေဘဲ သူ့ရင်ဘတ်ကို ကပ်ကြေးနဲ့ထိုးမှာပင်။ သူက ချောတော့ရော ဘာဖြစ်လဲ? သူဘယ်လောက်ချောချော မုဒိမ်းကောင်က မုဒိမ်းကောင်ပင်။

"ဒီစစ်သူကြီးက မင်းလိုမျိုး ချမ်းသာတဲ့မိသားစုကမိန်းမတွေကို အမုန်းဆုံးပဲ။ လူတွေရှေ့မှာတော့ မင်းလိုလူမျိုးတွေက အပြစ်ကင်းစင်ပြီး သဘောကောင်းချင်ယောင်ဆောင်တယ်။ နောက်ကွယ်မှာတော့ တစ်ခြားလူတွေအပေါ် အကန့်အသတ်လေးတောင်မထားဘဲ အနိုင်ကျင့်နှိပ်စက်တယ်။"

စစ်ထူချင်းယွီက နဉ်ရှုမေးကို ဖျစ်ညှစ်လိုက်ကာ မှောင်မိုက်စွာပြောလာ၏။

"ဒါကြောင့်ပဲ...ဒီစစ်သူကြီးက မင်းလိုမိန်းမမျိုးတွေနဲ့တွေ့တဲ့အခါတိုင်း အရင်ဆုံးအဓမ္မကျင့်ပြီး သတ်ပစ်လိုက်တာပဲ။"

FUCK! ဒီကောင်က စိတ်မမှန်တဲ့ကောင်ပဲ။ မုယန်မုန့်တစ်ယောက် အဓမ္မကျင့်ခံရပြီးတာတောင် နှုတ်ဆိတ်နေခဲ့တာကို သူမ သဘောပေါက်သွားသည်။ သူမက အသတ်မခံချင်ခဲ့တာပဲ။

နဉ်ရှုရဲ့ အမူအရာက အပြောင်းအလဲမရှိတာကို စစ်ထူချင်းယွီမြင်တဲ့အခါ သူကမေးလာ၏။

"ပြောကြည့်။ ဒီစစ်သူကြီးက မင်းကို ဘယ်လိုလုပ်သင့်လဲ?"

"အရင်ဆုံးသတ်ပြီးမှ အဓမ္မကျင့်ရင်ရော?"

အရင်ကတော့ အဓမ္မကျင့်ပြီးမှ သတ်တာပင်။ လောလောဆယ်တော့ ကောင်းကောင်းဆိုးဆိုး သူမက အမျိုးသမီးဇာတ်လိုက်ဖြစ်တာကြောင့် သူမအခြေအနေက နည်းနည်းတော့ ထူးခြားရမည်လေ။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now