Chapter - 49

4K 671 30
                                    

[Zawgyi]

{မင်းပြောင်းလဲသွားတယ်}

နဉ်ရှု အပြင်ထွက်သွားသော်လည်း ပြန်မသွားခဲ့ပေ။ ထိုအစား သူမက ဘာတွေဖြစ်နေလဲဆိုတာကိုခိုးနားထောင်ဖို့ ပြတင်းပေါက်နားမှာထိုင်ချလိုက်လေ၏။

"မင်း ဒါဘာလုပ်နေတာလဲ နဉ်ရှု? မင်း ပြာင်းလဲသွားတယ်။ မင်းက ဒီလိုလူလိုမျိုးမဟုတ်ပါဘူး။ မင်းက အရမ်းကိုဖြူ စင်တဲ့သူဖြစ်ခဲ့တာ။"

2333က ပြောလာ၏။

နဉ်ရှုက ဆတ်ကနဲပင်ပြန်ပြောလိုက်သည်။

"နင်က ငါ့ကိုသိလို့လား? မသိရင်လည်း သောက်ရေးမပါတဲ့စကားတွေကို ပြောနေတာရပ်လိုက်တော့။"

"မူလsystemက မင်းကို အရမ်းကိုဖြူ စင်ရိုးသားတဲ့လူတစ်ယောက်အဖြစ် မှတ်သားထားခဲ့တာ၊ မင်း ဘာလို့ပြောင်းလဲသွားတာလဲ? ပြီးခဲ့တဲ့တာဝန်တွေတုန်းက တစ်စုံတစ်ယောက်ဆက်ဆံနေတာကို မင်း တစ်ခါပဲမြင်ခဲ့တာ၊ ဒါပေမယ့် အခုကျတော့ တစ်ခြားလူတွေဆက်ဆံနေတာကို ကိုယ့်ဘာသာချောင်းကြည့်နေပြီ။"

2333ရဲ့အသံက ငိုကြွေးနေသည့်နှယ်။

"ငါပြောင်းလဲတာက နင်နဲ့ဘာဆိုင်လို့လဲ? နင့်မှာအစွမ်းအစရှိရင် ငါ့ကို ဒီလိုသိက္ခာမဲ့ပြီး ဖောက်ပြန်ရူးသွပ်နေတဲ့ကမ္ဘာထဲမပို့နဲ့လေ။"

နဉ်ရှုရဲ့နဖူးမှာ အနက်ရောင်လိုင်းများဖြင့်ပြည့်နေပြီဖြစ်သည်။

"ဒါပေမယ့် အခုကျတော့ နင်က ငါမဖြူ စင်တော့လို့ ယူကြုံးမရတောင်ဖြစ်နေလိုက်သေး။ ငါ့ရဲ့ဖြူ စင်မှုဆိုတာကြီးကရော နင်နဲ့ဘာဆိုင်လဲ?"

2333ခမျာ နာကျင်သွားရရှာ၏။

"မင်း ငါ့အပေါ် ဘယ်လိုတောင်ရက်စက်နိုင်ရတာလဲ? ငါက cpu(computer processing unit)တစ်ခုဆိုပေမယ့် ခံစားချက်တွေရှိနေသေးတယ်။ အခု ငါတို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေပြီလေ၊ ပြီးတော့ ငါတို့ရဲ့ကျန်ရှိနေတဲ့သက်တမ်းတစ်လျှောက်လုံး အချင်းချင်းမှီခိုသွားရမှာလည်းဖြစ်နိုင်တယ်။ မင်း ငါ့ကို ဖော်ဖော်ရွေရွေတောင်ဆက်ဆံသင့်သေးတာ။"

"ဒါဆို ငါ တစ်ခြားsystemရနိုင်မလား? ငါ နင့်ကိုမလိုချင်ဘူး။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now