Chapter - 99

2.7K 503 9
                                    

[Unicode]

{ဟယ့်ရှောင်ဟွားကို ဖယ်ထုတ်ခြင်း}

သူမ ဘာကြောင့် မကောင်းတဲ့စိတ်ခံစားချက်တွေရနေလဲဆိုတာကို နဉ်ရှု ချက်ချင်းသဘောပေါက်သွားသည်။ အမှန်တော့ ဝမ်ရူဟွားက အမျိုးသားဇာတ်လိုက်ဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်နဲ့ရှိနေရမည်ဖြစ်၏။ သို့သော်လည်း သူက ဟယ့်ရှောင်ဟွားကို လက်ထပ်လိုက်ရသည်။ ကိစ္စတွေက မူလဇာတ်ကြောင်းနဲ့ အင်မတန်မှပင်သွေဖည်လို့နေ၏။

ဇာတ်ကြောင်းကိုပြန်တည့်မတ်ရန်အတွက် ဇာတ်ကြောင်းက ဇနီးဖြစ်သူ ဟယ့်ရှောင်ဟွားကို ဖယ်ထုတ်ပစ်ရမည်ဖြစ်သည်။ ဒါကြောင့်မို့ သူမ ထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီးနောက်မှာ ဓားပြတွေ ညကြီးသန်းခေါင်ပေါ်လာရခြင်းဖြစ်သည်။ တကယ်ကြီး။

ဇာတ်ကြောင်းက ရူးသွားပြီ။

ပြီးတော့ အဲ့ဒါက သူမကြောင့်တဲ့။

"ယွဲ့လန်၊ မြန်မြန်ပုန်းလိုက်။ ထားလိုက်တော့၊ သက်တော်စောင့်၊ ယွဲ့လန်ကို ရှင်နဲ့အတူခေါ်သွားပြီးပုန်းနေ။ ပြီးမှ ကျွန်မကိုလာရှာလို့ရတယ်။"

နဉ်ရှုက သူမရဲ့အဝတ်ထုပ်ကို ယွဲ့လန်လက်ထဲ ထိုးထည့်ပေးလိုက်သည်။

ယွဲ့လန်ရဲ့သွားတွေက အချင်းချင်းရိုက်ခတ်နေကြပြီး သူမက အဝတ်ထုပ်ကိုယူကာ တင်းကြပ်စွာဖက်ထားလိုက်သည်။ သူမက စိုးရိမ်တကြီးမေးသည်။

"မမလေးကရော? အတူတူသွားရအောင်ပါ မမလေး။ ဒီဓားပြတွေက မျက်တောင်တစ်ချက်တောင်မခတ်ဘဲလူသတ်တဲ့သူတွေ။"

"နင့်ရဲ့သက်တော်စောင့်အစ်ကိုကြီးနဲ့ပုန်းဖို့နေရာအရင်ရှာ။ နင့်မမလေးမှာ အရင်ဆုံးလုပ်စရာတစ်ခုရှိနေသေးတယ်။"

ထို့နောက် နဉ်ရှုက သက်တော်စောင့်ဘက်ကိုလှည့်သည်။

"ယွဲ့လန်ကို ဒီကနေခေါ်သွား၊ မြန်မြန်။"

လျှို့ဝှက်သက်တော်စောင့်က ယွဲ့လန်ကို ချက်ချင်းပင်ဆွဲခေါ်သွားကာ ညအမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွား၏။

နဉ်ရှုက အသက်ပြင်းပြင်းရှူလိုက်ကာ ရွာလူကြီးရဲ့အိမ်ဆီကို သွားလိုက်သည်။ သူမ အနီးနားမှာ ပုန်းစရာနေရာတစ်ခုတွေ့လိုက်ရသည်။ လူတစ်စုက ရွာလူကြီးရဲ့အိမ်အဝင်ဝကိုပိတ်ဆို့ထားကာ လူတစ်ယောက်က မြင်းပေါ်မှာရှိနေသည်။ တစ်ခြားလူတွေအားလုံးက လမ်းလျှောက်နေကြသည်မို့ သူက ခေါင်းဆောင်ဖြစ်ပုံပေါ်သည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now