Chapter - 95

2.7K 504 18
                                    

[Unicode]

{ဒါက ကျွန်မရဲ့ဝမ်းကွဲအစ်ကိုအတွက် ကျွန်မပြင်ပေးထားတဲ့ တင်တောင်းပစ္စည်းပါ} 

"မင်္ဂလာအချိန်ရောက်လာပြီ။ သတို့သားက ဘာလို့ နွားပေါ်မှာပဲ ထိုင်နေသေးတာလဲ?"

ဟယ့်တာ့ဟွားက စူးစိုက်ကြည့်ကာဆိုသည်။

ဝမ်ရူဟွားက သူ့ကို အရေးမလုပ်ဘဲ နဥ်ရှုကိုသာ တန်းတန်းမတ်မတ်ကြည့်လာ၏။ နဥ်ရှုက ချက်ပင်းပင်လျှောက်လှမ်းလာသည်။

"ဝမ်းကွဲအစ်ကို၊ အစ်ကို နွားပေါ်ကဆင်းပြီး ရိုးရာဓလေ့အတိုင်း ဒူးထောက်အရိုအသေပေးရ‌မယ့်အချိန်ရောက်တော့မယ်။"

"ငါ ဟယ့်ရှောင်ဟွားကို လက်ထပ်မှာမဟုတ်ဘူးလို့ အရင်တည်းက ပြောခဲ့ပြီးသား။"

ဝမ်ရုဟွားရဲ့အသံက စိတ်ရှုပ်နေပုံပေါ်သော်လည်း သူက တစ်စုံတစ်ရာကို မျှော်လင့်နေပုံဖြင့် နဉ်ရှုကိုကြည့်နေလေ၏။

ထိုအချိန်တွင် ဟယ့်တာ့ဟွားကတော့ ဝမ်ရူဟွားကို လူသတ်ချင်နေသည့်အကြည့်တို့ဖြင့် ကြည့်လာသည်။ ရွာလူကြီးရဲ့မျက်နှာက မည်းမှောင်သွားကာ သူက ဝမ်ရူဟွားကို နွားပေါ်ကဆွဲချပြီး ဧည့်ခန်းမဆီခေါ်လာဖို့ လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

ဝမ်ရူဟွားက ရုန်းကန်ချင်ခဲ့သော်လည်း သူ့လို အားနည်းတဲ့စာသင်သားတစ်ယောက်က အလုပ်ကြမ်းတွေလုပ်လာခဲ့ရတဲ့ရွာသားတစ်ယောက်ကိုမရုန်းနိုင်ပေ။ အထူးသဖြင့် သူ ဒဏ်ရာလည်းရထားချိန်မှာပင်။

ဝမ်ရူဟွားမှာ ရိုးရာဓလေ့များကိုလုပ်ဆောင်ဖို့ အတင်းအကြပ်ဖိအားပေးခြင်းခံရ၏။ 'အခမ်းအနား ပြီးမြောက်ပါပြီ'ဆိုတဲ့စကားကိုကြားလိုက်ရချိန်၌ သူ့နှလုံးသားထဲက တစ်စုံတစ်ရာ ပေါက်ကွဲသွားကာ စိတ်ခံစးချက်တို့ ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။

နဥ်ရှုသည်ကား ဒေါသကြောင့်နီရဲနေသည့် ဝမ်ရူဟွား၏မျက်နှာထက်တွင် ခံစားချက်ပေါင်းစုံ ဖြတ်ပြေးသွားသည်ကို ကြည့်နေခဲ့၏။ သူ့မျက်နှာထက်မှာ ပေါ်မလာတဲ့ တစ်ခုတည်းသောခံစားချက်က ပျော်ရွှင်မှုပင်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Donde viven las historias. Descúbrelo ahora