Chapter - 41

4.4K 754 6
                                    

[Zawgyi]

{ငါနားလည်တယ်၊ ငါအကုန်နားလည်တယ်}

ချီရှန်း သူ့ရင်ဘတ်ကိုဆုပ်လိုက်မိသည်။ သူအရမ်းဒေါသထွက်လာတာကြောင့် အသက်ရှူ နှုန်းမတည်ငြိမ်တော့ဘဲ သူ့မျက်နှာက ဖျော့တော့လာ၏။ နဉ်ရှုကတော့ အရမ်းကိုဖြူ စင်ရိုးအတဲ့မိန်းကလေးတစ်ယောက်အဖြစ်ဟန်ဆောင်နေဆဲဖြစ်ပြီး ချီရှန်းတစ်ယောက် အရမ်းကိုထိရှသွားသောအမူအရာဖြင့် ဒေါသထွက်လွန်းပြီးသေတော့မလိုဖြစ်နေတာကို သတိမထားမိ။

"သခင်လေးက အရမ်းကောင်းတဲ့သူပဲ။ ဒါဆို ဒီအစေခံ မသွားတော့ပါဘူး။"

ထို့နောက် နဉ်ရှု သူမအခန်းဆီပြန်သွားလိုက်သည်။ ညဘက်မှာ အပြင်ထွက်တာထက် စောင်တွေအောက်မှာအိပ်ရတာက ပိုနွေးထွေးပြီးသက်တောင့်သက်သာရှိတယ်။

ဤတစ်ကြိမ်တွင်မတော့ ချီရှန်း သူမကိုမတားပါလေတော့။ ဒီလိုလုပ်ရမှာကိုတောင် သူ ဒေါသထွက်လွန်းနေပုံရ၏။

Tch, ဘယ်သူက နင့်ကို ကြင်နာတတ်တဲ့ပုံစံဟန်ဆောင်ဖို့ပြောလို့လဲ? နင် ဘယ်လောက်ကြာကြာဟန်ဆောင်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့

ယွဲ့လန်က နဉ်ရှုနောက်ကနေ အခန်းထဲကိုလိုက်ဝင်လာရင်း လက်ခံသလိုပြောလာသည်။

"မမလေးရဲ့ရွေးချယ်မှုက အရမ်းကောင်းတယ်။ အဲ့လာက သေချာပေါက်လူကောင်းမဟုတ်ဘူး။"

ထို့နောက်တွင်တော့ ချီရှန်းတစ်ယောက် မီးပုံးပွဲတော်ကို ဘယ်တော့မှမခေါ်တော့ချေ။ သို့သော်လည်း သူမျက်နှာက ဖျော့တော့နေဆဲဖြစ်၏။ သူအခုထိဒေါသထွက်နေသေးတာဖြစ်နိုင်တာကြောင့် နဉ်ရှုကလည်း ဘာကိုမှသတိမထားမိသလို ဆက်လက်ဟန်ဆောင်နေတော့သည်။

အဆုံးတွင်တော့ ချီရှန်း ဒါကိုဆက်သည်းမခံနိုင်ပါလေတော့။ သူက သူမကို အကူအညီကင်းမဲ့နေသည့်လေသံဖြင့်ပြောလာသည်။

"ဟား၊ ပြသနာအိုးလေး။"

သူ့အသံထဲမှာပါဝင်နေတဲ့ ချစ်ခင်မြတ်နိုးမှုအပြည့်က နဉ်ရှုကို တုန်လှုပ်သွားစေ၏။ Fuck! အရမ်းကြာက်ဖို့ကောင်းလွန်းလို့ သူမတစ်ကိုယ်လုံးကြက်သီးတွေထလာပြီ။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now