Chapter - 52

4K 667 29
                                    

[Zawgyi]

{မင်းမရှိရင် ငါသေလိမ့်မယ်}

နဉ်ရှု ချီရှန်းရဲ့တွေးခေါ်ပုံကို ဒူးထောက်ချင်သွားသည်။ နေ့ခင်းတုန်းက တစ်ခြားမိန်းမတစ်ယောက်နဲ့လုပ်ပြီးတဲ့နောက်မှာတောင် ညရောက်တော့ သူမဆီလာပြီး သူ့ရဲ့ကိုယ်လုပ်တော်လုပ်ဖို့ စည်းရုံးနေသေးတယ်လား?

မယုံနိုင်စရာပဲ။

ချီရှန်းက သူ့ရဲ့အချစ်စစ်လေးကို တကယ်ရောချစ်ရဲ့လားလို့ နဉ်ရှုမေးချင်လာသည်။

သူက တော်တော်ကိုထိန်းမနိုင်သိမ်းမရဖြစ်နေတာပဲ။ တစ်ယောက်ယောက်ကိုချစ်တယ်ဆိုတာက အဲ့ဒီ့ခံစားချက်ကိုရဖို့ပဲလား? မင်းခန္ဓာကိုယ်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ မင်း အဲ့ဒီ့လူကိုချစ်နေသရွေ့အဆင်ပြေတယ်လား?

ဘယ်လိုရွံစရာကောင်လဲ။

လရောင်အောက်မှာ ကျက်သရှေိစွာထိုင်နေတဲ့ချီရှန်းကိုကြည့်ရင်း နဉ်ရှု၏နှုတ်ခမ်းတို့မှာ ရွံရှာစွာဖြင့်တွန့်ကွေးသွားသည်။

"သခင်လေး၊ သခင်မလေးယုဖေးကို ချစ်ရောချစ်ရဲ့လား?"

ချီရှန်းက ခေါင်းငြိမ့်သည်။

"ငါ သူ့ကိုချစ်တယ်လေ။ ငါ သူ့ကို နှစ်တွေအကြာကြီးချစ်ခဲ့ရတာ။"

နဉ်ရှု : …

နင် သူ့ကိုအရမ်းချစ်တယ်ဆိုရင် သူ့နောက်ကွယ်မှာ တစ်ခြားမိန်းမတစ်ယောက်ကို ဘာကိစ္စ ခိုးကြောင်ခိုးဝှက်တွေ့နေရသေးတာလဲ? သူ့ရဲ့အချစ်က ဒီလိုပဲထိန်းသိမ်းလို့မရတာလား ဒါမှမဟုတ် သူက သူမသူ့အတွက်ကျရှုံးသွားအောင် အရူးလာပ်ဖို့ကြိုးစားနေတာလား?

အဖြေက ဘာပဲဖြစ်ဖြစ် သူမ သူ့ကိုအထင်သေးသည်။

"ယုဖေးက မင်းကိုလက်ခံမယ်ဆိုတာ ငါသေချာပါတယ်။ မင်းတို့နှစ်ယောက်လုံးက ကြင်နာတတ်တဲ့သူတွေဆိုတော့ ညီအစ်မတွေလိုသေချာပေါက်ရင်းနှီးသွားမှာ။"

ထို့နောက်တွင်မူ ချီရှန်း၏အမူအရာက အနည်းငယ်နာကျင်သလိုဖြစ်လာ၏။

"ဒီအချိန်အတောအတွင်းမှာ ငါမင်းကိုချစ်နေမိပြီဆိုတာ သိလိုက်ရတယ်။ ငါ မင်းတို့နှစ်ယောက်လုံးနဲ့ မခွဲနိုင်ဘူး။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now