Chapter - 110

2.7K 504 15
                                    

Unicode

လူတွေက အစားကောင်းအတွက်အသက်ရှင်ကြတယ်
______________

နဉ်ရှုက နတ်ဆေးသမားတော်ဆီလျှောက်သွားကာ အပြုံးလေးနှင့်မေးသည်။

"ဆရာ၊ တပည့်ကိုစောင့်နေတာလား?"

နတ်ဆေးသမားတော်က အေးစက်စွာပြန်ဖြေသည်။

"မဟုတ်ဘူး။"

သူမက စိတ်ထဲမထားဘဲမေးလိုက်သည်။

"စားပြီးသွားပြီလား ဆရာ?"

နတ်ဆေးသမားတော်က ပြန်မဖြေချေ။ နဉ်ရှုက သူမကျောပေါ်က ဝါးခြင်းလေးကိုချွတ်ပြီးမှသာ သူက နူးညံ့စွာဆိုလာ၏။

"စားပွဲပေါ်မှာ စားစရာနည်းနည်းရှိတယ်။"

နဉ်ရှု အိမ်ထဲလျှောက်ဝင်လာချိန်မှာ စားပွဲပေါ်၌ အသီးအရွက်တွေ၊ အသားနဲ့ ပေါက်စီဖြူဖြူလေးတွေပင်ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။ တံတွေးတွေက သူမပါးစပ်ထဲ ချက်ချင်းပြည့်လာပြီး သူမက အံ့ဩပျော်ရွှင်စွာအော်လိုက်၏။

"ဆရာ၊ ဒါတွေအားလုံးက တပည့်အတွက်လား?"

"ဒီနေ့ ရွာသားတစ်ယောက်ယူလာတာ။ ငါစားပြီးသွားပြီ၊ အဲ့ဒါတွေက အကျန်တွေ။"

ထိုသို့ပြောပြီးနောက် နတ်ဆေးသမားတော်က ဆေးပင်တွေကိုဂရုစိုက်ဖို့ ခြံထဲထွက်သွားလေ၏။

နဉ်ရှုက နတ်ဆေးသမားတော် စားပြီးပြီလား၊ မစားရသေးဘူးလားဆိုတာကို ဂရုမစိုက်တော့ဘဲ အလျင်စလိုထိုင်ချကာ စတင်စားသောက်လေတော့သည်။ ပြောင်းမုန့်ကို အချိန်အတော်ကြာစားရပြီးနောက် အသားထပ်စားရသည့်အတွက် သူမအတော်လေးစိတ်ကျေနပ်နေပေ၏။

လူတွေက အစားကောင်းအတွက်အသက်ရှင်ကြတာ။

နဉ်ရှု စားသောက်ပြီးနောက်တွင် နတ်ဆေးသမားတော်က သူမကို ဆေးပင်တွေနဲ့ ဆေးဖော်စပ်နည်းတွေအကြောင်းကို ထပ်မံမေးခွန်းထုတ်သည်။ ထို့နောက် သူကမေး၏။

"မင်း ဘာပါဝင်ပစ္စည်းကိုရှာနေတာလဲ?"

"တွေ့ပြီလား,?"

သူက မေးသည်။

"ပါဝင်တဲ့ဆေးပစ္စည်းတွေကို တောင်ပေါ်မှာ ကြုံရာကျပန်းပြေးလွှားပြီးရှာနေမှာထက် သူတို့ရဲ့ထင်ရှားတဲ့လက္ခဏာတွေကိုစဉ်းစားပြီးရှာသင့်တယ်။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now