Arc(3.21)

4.4K 770 4
                                    

Unicode

Arc(3.21)

ကြည်လင်ကောင်းကင်ဂိုဏ်းသည်ထျန်းယွင်တိုက်ကြီးတစ်ခုလုံးတွင်အထက်ပိုင်းဘာသာရေးဂိုဏ်းများ၏ထိပ်တန်းတွင်ရှိသည်ဟုယူဆလို့ရနိုင်ပြီးဒုတိယနှုန်းထားဂိုဏ်းတစ်ခုဖြစ်သည်။

၎င်းသည်ပထမအဆင့်ဂိုဏ်းကဲ့သို့လူကြိုက်များခြင်းမရှိသော်လည်းတပည့်များကိုခေါ်ယူသည့်အခါတိုင်းကြည်လင်ကောင်းကင်ဂိုဏ်းကိုဝင်ရောက်လိုသည့်သူကမရေမတွက်နိုင်အောင်ပင်။

ထို့ကြောင့်ကြည်လင်ကောင်းကင်ဂိုဏ်းကအလွန်ကျယ်ပြန့်သည့်နယ်မြေကိုသိမ်းပိုက်ထားသည်။လီလျိုကချူးဝူရုံနဲ့အတူဝိဉာဏ်စွမ်းအင်ချုပ်စေတီမှနေ၍ကြည်လင်ကောင်းကင်ဂိုဏ်း၏ကာကွယ်ရေးအစီအရင်ကြီးဆီသို့ရောက်ရန်သူ့ရဲ့သစ်ရွက်သဏ္ဍာန်လှေကိုစီးလာတာတောင်လက်ဖက်ရည်နှစ်ခွက်သောက်ချိန်လောက်ကြာမြင့်သည်။

ထိုကာကွယ်ရေးအစီအရင်ကြီးတွင်အမှတ်အသားနေရာများစွာရှိနေသော်လည်းထွက်ခွာရမယ့်လမ်းကြောင်းကတော့တစ်ခုတည်းသာဖြစ်သည်။အကြောင်းကတော့ထိုလမ်းကြောင်းကလွဲရင်တစ်ခြားလမ်းကြောင်းတွေအားလုံးကရန်သူကိုစိတ်ရှုပ်ထွေးစေရန်စီရင်ထားခြင်းဖြစ်ပြီးအတွင်း၌ဖုံးကွယ်ထားသောကြိုတင်ခန့်မှန်းမရနိုင်သောအန္တရာယ်များနှင့်ပြဿနာများစွာရှိသည်။

ဒါ့အပြင်ထိုလမ်းကြောင်းများမှဆိုရင်ပျံသန်းရေးဝိဉာဏ်ကိရိယာကိုလည်းအသုံးမပြုနိုင်ပေ။လီလျိုကချူးဝူရုံအားထိုအစီအရင်အမှတ်တွေရဲ့အရှေ့တည့်တည့်သို့ပျံသန်းသွားပြီးယဲထျန်းချီပေးလိုက်သည့်လက်မှတ်အားထုတ်ယူလိုက်သည်။

မူလကစိမ်းစိုနေသည့်မြက်ခင်းပြင်ကျယ်ပြီးကနေသူတို့ခြေထောက်အောက်မှာမြူဆိုင်းပြီးရှုပ်ထွေးနေတဲ့လမ်းတစ်ခုပေါ်လာသည်။

လီလျိုကသူ့ဘေးမှချူးဝူရုံကိုတစ်ချက်ကြည့်လိုက်သည်။ထို့နောက်ဘာမှမပြောပဲထိုလမ်းကြောင်းကနေစတင်လျှောက်လှမ်းလေသည်။

ချူးဝူရုံကချက်ချင်းလီလျိုကနောက်ကနေလိုက်သွားသည်။သူသည်လည်းထိုလမ်းကနေတွန့်ဆုတ်မှုအနည်းငယ်ပင်မရှိပဲလျှောက်လှမ်းသည်။သူတို့ထိုလမ်းပေါ်ကိုခြေချပြီးသည်နှင့်နှစ်ယောက်သားသည်မူလနေရာမှပျောက်ကွယ်သွားကြတော့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now