Arc(3.26)

4.2K 774 8
                                    

Unicode

Arc(3.26)

ပင်မတောင်ထွတ်သည်ရွှမ်မင်းနန်းတော်၏အကြီးမားဆုံးတောင်ဖြစ်သည်။တောင်ပေါ်တွင်မတူညီသည့်အရွယ်အစားများနှင့်နန်းတော်တစ်ရာ့ရှစ်ခုရှိပြီးအကြီးဆုံးသည်ထိပ်ဆုံးတွင်တည်ရှိသည့်ပင်မခန်းမ—— လနက်နန်းတော်ခန်းမဖြစ်သည်။

လီလျိုကပျံသန်းရေးဝိဉာဏ်ကိရိယာပေါ်မှာထိုင်နေပြီးအဝေးတစ်နေရာမှတစ်ခြားနန်းတော်များထက်ပိုမိုလှပကာနေရောင်ခြည်အောက်မှာတစ်လက်လက်တောက်ပနေသည့်ထိပ်ဆုံးတွင်မားမားကြီးတည်ရှိနေသောလနက်နန်းတော်ခန်းမကိုငေးကြည့်နေမိသည်။

အဲ့ဒါကချူးဝူရုံလက်ရှိနေနေသည့်နေရာဖြစ်လိမ့်မည်။ပြီးတော့လည်းလနက်နန်းတော်ခန်းမဆိုတာကအစောကတည်းကနတ်ဆိုးသခင်အတွက်ပြင်ဆင်ပေးထားခဲ့ခြင်းဖြစ်သည်လေ။

မူလကလူကြီးသည်ထိုအစေခံအားလုံးကိုအောက်မှာရှိသည့်နန်းတော်လေးများထံခေါ်သွားမယ်လို့ထင်ခဲ့သော်လည်းထိုလူကြီးကသူနဲ့တစ်ခြားငါးယောက်အားလနက်နန်းတော်ခန်းမထိပ်ရှိရာသို့တိုက်ရိုက်ခေါ်သွားမယ်လို့မထင်ခဲ့မိပေ။

"မင်းတို့တွေကံကောင်းတယ်...ငါတို့သခင်ကနန်းတော်ခန်းမထဲကအရင်အစေခံတွေကိုအဝေးပို့ပစ်လိုက်လို့အခုနန်းတော်ခန်းမထဲမှာအစေခံတွေလိုအပ်နေတာ..အရင်ကငါလူဒါဇင်လောက်ခေါ်လာဘူးတယ်ဒါပေမဲ့မင်းတို့ကလနက်နန်းတော်ခန်းမထဲဝင်ရောက်နိုင်တဲ့လူအနည်းစုပဲ...ပြီးရင်ငါမင်းတို့ကိုအစေခံတွေနေရမယ့်နေရာကိုခေါ်သွားပေးမယ်...နန်းတော်ခန်းမထဲမှာအလုပ်ကောင်းကောင်းလုပ်ပြီးသခင့်ကိုစိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရင်မင်းတို့တစ်ခြားနန်းတော်ခန်းမထက်ပိုပြီးများပြားတဲ့ဆုတွေရလိမ့်မယ်"

ထိုလူကြိးသည်လီလျိုအပါအဝင်လူခြောက်ယောက်ကိုလနက်နန်းတော်၏ရှေ့မျက်နှာစာသို့ခေါ်သွားပြီးသူ့ကိုယ်ကိုလှည့်၍သူ့နောက်မှာရပ်နေသည့်လူငယ်အစေခံလေးများကိုလှည့်ကြည်လာသည်။ကြည့်ရတာအဓိကကျတဲ့အထွေထွေအချက်များကိုပြောပြမယ့်ပုံပင်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now