Arc(3.33)

4.7K 822 2
                                    

Unicode

Arc(3.33)

ချူးဝူရုံသည်ကြာပန်းအမတလှိုင်ဂူမှထွက်လာပြီးနောက်မည်သည့်နေရာမှာမှမရပ်တန့်ပဲဝူရှင်း၊ဝူချွန်တို့နှင့်အတူရွှမ်မင်းနန်းတော်သို့သာချက်ချင်းပြန်သွားသည်။

သူရွှမ်မင်းနန်းတော်ကိုပြန်ရောက်တာနဲ့နန်းတော်ထဲကလေထုကအနည်းငယ်မှားယွင်းနေကြောင်းချူးဝူရုံနားလည်လိုက်၏။

ချူးဝူရုံကမည်သည့်စကားမှမဆိုချေ။သို့သော်သူ့ရဲ့နန်းဆောင်ကိုပြန်ရောက်တဲ့အချိန်မှာတော့သူရွှမ်မင်းနန်းတော်ကထွက်ခွာသွားစဉ်နန်းတော်ရဲ့ကိစ္စရပ်များအားကိုင်တွယ်ဖို့ယာယီတာဝန်ပေးခဲ့သည့်အကြီးအကဲကိုသာဆင့်ခေါ်လိုက်သည်။

အကြီးအကဲကချူးဝူရုံရဲ့ဆင့်ခေါ်မှုကိုရရှိသောအခါချက်ချင်းပင်သူ့အိမ်တော်မှနေ၍အပြေးအလွှားရောက်လာလေသည်။နန်းတော်ခန်းမထဲမှာထိုင်နေသည့်ချူးဝူရုံကိုမြင်တဲ့အခါမှာတော့သူကချက်ချင်းပင်တစ်လေးတစ်စားဦးညွှတ်လိုက်ပြီး'သခင်'ဟုခေါ်လိုက်သည်။

ချူးဝူရုံကခေါင်းကိုခပ်သာသာညိတ်ပြလိုက်ပြီးမှမေးလာသည်။

"ငါကြာပန်းအမတလှိုင်ဂူထဲကိုသွားနေတဲ့အချိန်တုန်းကနန်းတော်ထဲမှာတစ်စုံတစ်ခုဖြစ်သွားသေးလား?"

"ဒီလက်အောက်ငယ်သားကသခင့်ရဲ့ယုံကြည်မှုကိုရှုံးနိမ့်ခဲ့မိပါတယ်"

အမှုကိစ္စများကိုတာဝန်ခံရသည့်အကြီးအကဲကချူးဝူရုံရဲ့အမေးစကားကိုကြားသောအခါချက်ချင်းဒူးထောက်လိုက်ပြီးနောက်တုန်ယင်ပြီးစိုးရိမ်ပူပန်စွာဖြင့်ဆက်ပြောသည်။

"သခင်ကသဘောထားကြီးမြတ်ပြီးဟုန်ရှို့အဲ့ဒီမိန်းကလေးကိုလွှတ်ပေးခဲ့တာ...သူကယွင်ထျန်းဟန်ကိုပဲတွေးနေခဲ့မယ်လို့ဘယ်သူကထင်ခဲ့မှာလဲနန်းတော်ထဲကတားမြစ်ဧရိယာကိုရုတ်တရက်ချိုးဖောက်ဝင်လာခဲ့ပြီး——ရွှမ်မင်းအကျဉ်းထောင်ထဲမှာချူပ်ထားတဲ့ယွင်ထျန်ဟန်းကိုလာကယ်တင်သွားပါတယ်"

ထိုစကားကိုချူးဝူရုံကြားသောအခါသူ့မျက်နှာကချက်ချင်းနက်မှောင်၍နစ်မြှုပ်သွားခဲ့ပြီးသူ့မျက်စံထဲကခရမ်းရောင်အလင်းကပိုလို့တောက်ပလာသည်။သူ့စိတ်တစ်ခုလုံးကယွင်ထျန်ဟန်းဘယ်သူမှန်းသိသွားတဲ့အချိန်မှာဖြစ်ခဲ့တဲ့မြင်ကွင်းကိုပြန်မြင်ယောင်နေမိသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now