Part-3

1K 41 0
                                    

'ဟိုဘက်က အကြောင်းမပြန်သေးဘူးလား'

'ဟုတ်အမ အခုထိအကြောင်းမပြန်သေးပါဘူး'

'ကျစ် သူတို့ကလည်းဘယ်လိုတွေလုပ်နေကြမှန်းမသိဘူး စိတ်ရှုပ်လိုက်တာ'

'Everything I need is on the everything I need is on the ground'

Phone ringtone သံကြားလို့ contact name ကိုကြည့်ပြီး ချက်ချင်းပြုံးသွားသော Yue ကိုလင်းငေးကြည့်နေမိသည်

အမြဲတမ်းတင်းမာနေတဲ့မျက်နှာ ပိုင်ရှင်ကို ချက်ချင်းပြုံးအောင်လုပ်နိုင်သည့် Contact ပိုင်ရှင်ကို လင်းစပ်စုချင်တာနဲ့ အခန်းထဲက မထွက်သေးဘဲ ရပ်နေသည်

'ဟယ်လို'

'........'

'သားသားက မေမေ့ကို လွမ်းနေတာလား'

လင်းနားထောင်နေရင်း မျက်လုံးပင်ပြူးသွားသည်  သူ့မှာအိမ်ထောင်မရှိပါဘူး ဘယ်လိုဖြစ်ပြီးကလေးက

'မေမေလည်း မလွမ်းဘဲနေမလား လွမ်းတာပေါ့ အလုပ်တွေရှုပ်နေလို့သာ လာမတွေ့နိုင်တာ'

'........'

'ဟုတ်ပါပြီကွယ် ဟုတ်ပါပြီ မေမေဒီနေ့လာခဲ့မယ် ဟုတ်ပြီလား ဂျစ်တူးလေးရဲ့'

'........'

'Pizza လား အွန်းအွန်း အငယ်လေးတွေကကော Pizza ပဲလား'

အငယ်လေးတွေ ဒါဆိုကလေးကတစ်ယောက်တည်းမဟုတ်ဘူးပေါ့...

'အင်းပါ တီချယ်ကြီးဆီ Ph ပေးလိုက်ဦး မေမေစကားခနပြောချင်လို့'

'.......'

'တီချယ်ရေ မင်္ဂလာပါ'

'.......'

'Yue နေကောင်းပါတယ်တီချယ် တီချယ်ကော နေကောင်းလား'

'......'

'ဟုတ် လာလို့အဆင်ပြေပါတယ် တီချယ်ရဲ့ လိုအပ်တာတွေပြောပါ Yue ဝယ်လာခဲ့မယ်'

Ph ထဲကပြောတာမှန်သမျှကို Yue စာရွက်နဲ့ ဘောပင်ကိုင်ကာ လိုက်မှတ်နေသည်

'ဟုတ် ဒါပဲနော်ချယ် Yue နေ့လည်ထမင်းစားချိန်လွန်ရင် လာခဲ့မယ်'

တီချယ်နဲ့ ဖုန်းပြောပြီးတာ နဲ့ Yue ဦးကိုလေးဆီတန်းပြီး ဆက်သွယ်လိုက်သည်

SoulWhere stories live. Discover now