Part-21(Unicode)

1.7K 175 21
                                    

'Nanae ကအရူးနော်'

ဂျပန်ရုပ်ရှင်ကား Ride or die ကြည့်နေရင်းနဲ့မှ ရုတ်တရက်ပြောလာတဲ့စကားကြောင့် ရင်ခွင်ထဲကနေ အနည်းငယ်ခေါင်းမော့၍ ကြည့်လိုက်သည်။

Cat cafe ကပြန်တော့ နှစ်ယောက်သားဘယ်သွားလို့သွားရမယ်မှန်းမသိတာနဲ့ Yue ရဲ့အိမ်ကိုသာပြန်လာခဲ့ခြင်းဖြစ်သည်။ဒီလိုဆိုတော့လည်း ကျယ်ဝန်းလှပါသည်ဆိုတဲ့ ရန်ကုန်မြို့က အမျိုးသမီးနှစ်ယောက်အတွက်တော့ Date ဖို့နေရာ မရှိလောက်အောင်ကိုရှားပါးနေသည်။

'အင်း Nanae ကအရူးပဲနော်'

အကြွေစေ့လေးနှစ်ခုကို စီးကရက်ဘူးထဲထည့်ပြီး 10 နှစ်လုံးလုံးသိမ်းထားခဲ့တဲ့ အမျိုးသမီးရဲ့အတွေးတွေကို ကြယ်ကနားမလည်ဘူးတဲ့လေ။ ဟုတ်ပါရဲ့...ရွေးချယ်စရာ များများစားစားမရှိခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ အတွေးတွေကို ကြယ်ကတော့ဘယ်နားလည်နိုင်ပါ့မလဲ။

'Rei ကသူချစ်တဲ့အမျိုးသမီးအတွက် လူသတ်ပေးဖို့ မတွေဝေခဲ့ဘူးပဲ'

​ကြယ့်စကားကိုကြားတော့ Yue ပြုံးမိသွားသည်။ဟက်...သူမြင်တဲ့အချစ်က ဒါပါလား။ ထုတ်ပြမှအချစ်လို့မြင်မယ်ဆိုတဲ့ကလေးငယ်ရယ်...မင်းတော့ဒီတစ်သက် အချစ်နဲ့လွဲပြီထင်ပါရဲ့။

ရင်ခွင်ထဲမှာ ခေါင်းအပ်ထားရင်း တိတ်ဆိတ်သွားသောအမျိုးသမီးကို ငေးမောကြည့်လိုက်သည်။ တစ်ချိန်လုံးတွေးနေတတ်သူကြောင့် အမြဲတွန့်ချိုးထားခံရသည့် မျက်ခုံးတန်းကိုတော့ သနားမိသည်။ သူတို့လည်း ညောင်းနေလောက်ရောပေါ့။

သတိလက်လွတ်ငေးနေမိတဲ့အချိန် တီဗီမှရုတ်တရက်ထွက်ပေါ်လာသော အသံတစ်ချို့ကြောင့်ခေါင်းနပန်းကြီးသွားသည်။ နှစ်ယောက်တည်းရှိနေတယ်ဆိုပြီး အသံအကျယ်ကြီးချဲ့ထားခဲ့တာလေ။ ဒီလိုပါမယ်မှန်းမှထင်မထားခဲ့တာ။ အသံအတိုးအလျော့ လုပ်ဖို့အတွက် တီဗီရီမုဒ်ကို ခုံပေါ်အနီးတဝှိုက်မှာ လိုက်စမ်းရှာပေမယ့်မတွေ့။ ဘုရားရေ...တီဗီရီမုဒ်ကဘယ်ရောက်သွားတာလဲ။

အစ်မကို မျက်နှာပူပူနဲ့လှမ်းကြည့်လိုက်တော့ သူလည်း ရှက်နေပုံရသည်။ ဖြူဖျော့နေသည့် အသားအရေကြောင့်ပဲ သိသားထင်ရှားစွာ ပါးပြင်ပေါ်က ပေါက်ထွက်တော့မည့် ခရမ်းချည်သီးကိုတွေ့ရသည်။

SoulWhere stories live. Discover now