Part-48 (Unicode)

597 63 4
                                    

'နင့်ကြောင့်..၊ နင်ရှိနေလို့ဒေါက်တာထွက်သွားတာ၊ စောက်ရေးမပါတဲ့ နင့်ကြောင့်နဲ့'

Mizuki Hirano ရဲ့ လက်ညှိုးက လင်းလက်ကြယ်မျက်နှာရှေ့မှာ တဝဲလည်လည် လှည့်ပတ်နေတယ်။ ပြုသူကတော့ တအံ့တဩဖြစ်ချင်စရာမရှိဘူး။ ဒါပေမယ့် ခံရသူရဲ့ ငြိမ်သက်မှုကြီးက ရူးချင်စရာကြီး။

ပြီးပြည့်စုံတဲ့ ဘဝမှာချစ်ခြင်းမေတ္တာတွေကြားကြီးပြင်းလာခဲ့ရတဲ့မိန်းကလေးပါ။ လက်ညှိုးထိုးပြီး ကျိန်ဆဲခံရဖို့မပြောနဲ့ လေသံမာမာနဲ့တောင် ဆက်ဆံခံခဲ့ဖူးတာမဟုတ်ဘူး။ အခုတော့ မိန်းမတစ်ယောက်အတွက်ကြောင့်နဲ့ ဒါတွေကြုံတွေ့နေရတာ။ တန်ရဲ့လားလို့တောင် သူတွေးခဲ့ဖူးတာမဟုတ်ဘူး။

'ငါဘာမှားခဲ့ဖူးလို့လဲ'

သူမအော်ပါဘူး။ ချစ်ရတဲ့မိန်းမနဲ့ တူညီတဲ့သွေးအချို့စီးဆင်းနေတဲ့လူဖြစ်နေလို့ကို သူ့မှာမအော်ရက်ဘူး။ ဒါကိုလည်း Mizuki ကိုသိစေချင်တယ်။

'ဘာမှားခဲ့ဖူးလို့လဲ ဟုတ်လား။ နင်အရှက်မရှိဘူးလား။ နင်သာ မမဘဝထဲမျက်နှာပြောင်တိုက်ပြီးဆက်မနေခဲ့ရင် ဒေါက်တာခင်သက်အိမ်က ငါတို့ဘေးမှာရှိနေဦးမှာ။ နင်အားမနာဘူးလားဟမ်..။ နင်နည်းနည်းတောင် အားနာစိတ်မဝင်မိဘူးလား'

'ဒေါက်တာသက်အိမ်က အစောကတည်းက သူရွေးချယ်ထားပြီးသားလေ။ ငါဘယ်တုန်းကမှ တွန်းအားမပေးခဲ့ဖူးဘူး'

ဒေါက်တာခင်သက်အိမ်မှာ အချိန်တွေအလုံအလောက်ရှိခဲ့ပြီးသားဆိုတာ သူယုံတယ်။ ဒါက သူရွေးခဲ့တဲ့လမ်းပဲ။

'မမဘေးနားက ထွက်သွားပေးပါဟာ။ နင်တောင်းဆိုတာ မှန်သမျှ ငါဖြည့်ဆည်းပေးမယ်။ နင်လိုချင်တာတွေအတွက် မမဆီမှာမှမဟုတ်ဘူး၊ ငါ့ကတ်ထဲမှာလည်း အလုံအလောက်ရှိတယ်'

'ငါလိုချင်တာက Yue Mirasan ။ ဒါကိုနင်နားလည်အောင် ဘယ်ဘာသာစကားကိုသုံးပြရမယ်မှန်းမသိတော့ဘူး။ ပြီးတော့ ငါက အဲ့လိုတွေအပြောခံနေရမယ့်အဆင့်အတန်းမျိုးမဟုတ်ဘူး။ ငါသည်းခံနေတာ Mizuki Hirano ။ သည်းခံတိုင်း စော်ကားခွင့်ပေးမယ်လို့တော့ ထင်မှားမနေနဲ့'

ကျန်တာတွေလက်ခံပေးနိုင်ပေမယ့် ငွေစကားပြောတာမျိုးတော့ လင်းလက်ကြယ်လက်သင့်မခံနိုင်ဘူး။ Mizuki Hirano ချနင်းဖို့ကြိုးစားနေတာက သူ့ဂုဏ်သိက္ခာတင်မဟုတ်ဘူး။ သူ့မိဘဂုဏ်သိက္ခာပါပါတယ်။

SoulWhere stories live. Discover now