Part-47

149 8 1
                                    

တံခါးကိုလော့ချပြီးပြီးချင်းမှာပဲ ခြေထောက်တွေဟာ သူ့အလိုလိုပျော့ခွေသွားတာကြောင့် တံခါးကိုကျောမှီကာ တဖြေးဖြေးချင်းပဲ ထိုင်ချလိုက်တယ်။ ဘာရယ်ကြောင့်မှန်းသေချာမသိနိုင်တော့ပေမယ့် ပါးပြင်ပေါ်တသွင်သွင်စီးဆင်းနေသည့် မျက်ရည်စတွေကိုလျစ်လျူရှုလိုက်ပြီး သူမရဲ့ဘယ်ဘက်လက်ဖမိုးကို သွားစွယ်တွေကြားတွင် ခဲထားလိုက်သည်။

Yue-Chan..တို့မင်းတစ်ယောက်တည်းကိုပဲ ချစ်ဖူးတာကလေးရယ်။ မင်းတစ်ယောက်တည်းကိုပါ..။ လင်းလက်ကြယ်လည်းမိန်းကလေး၊ တို့လည်း မိန်းကလေးပါ..။ ဒါပေမယ့် လင်းလက်ကြယ်ကျတော့ မင်းကိုချစ်ခွင့်ရပြီး တို့ကျတော့ ဘာလို့မရနိုင်ရတာလဲ။

'တို့မှာလေ..တို့မှာ မင်းကိုစချစ်မိတဲ့အချိန်ကတည်းက တို့ဘဝတစ်ခုလုံးကို မင်းတစ်ယောက်ဆီမှာပဲ သေသေရှင်ရှင်အပ်နှံထားခဲ့တာ။ မင်းအဲ့တာတွေမမြင်ဘူး..၊ မင်းမြင်တာက မင်းတိုးကပ်လာတိုင်းမှာ တို့မင်းကိုတွန်းထုတ်ခဲ့တာကိုပဲမြင်တာ'

တို့က အိမ်ထောင်ရှိခဲ့ဖူးတဲ့မိန်းမ Yue-Chan ရဲ့။ မင်းက မင်းနာမည်နဲ့ ဂုဏ်ကို မင်းအသက်ထပ်တောင်ဂရုစိုက်တဲ့မိန်းမ။ တို့က မိဘမဲ့၊ ဆွေမဲ့မျိုးမဲ့၊ တစ်ကောင်ကြွက်။ မင်းက မျိုးရိုးမြင့်အသိုင်းအဝိုင်းကြီးထဲကလူ။ မင်းမစဉ်းစားမိဘူးလား..။ ငါ့လို ဘယ်မျိုးရိုးကလာမှန်းမသိတဲ့အိမ်ထောင်ပျက်မိန်းမနဲ့ပတ်သက်ရင် မင်းကလူတွေကအတင်းအဖျင်းဖြစ်သွားမယ်ဆိုတာ။ မင်းကဉာဏ်ကောင်းလွန်းနေပြီးတော့ တစ်ချိန်တည်းမှာပဲ တုံးလွန်းတယ်။

'တို့တွန်းထုတ်တာကိုတော့မြင်တယ်၊ အားမပါတာကိုတော့ မင်းမခံစားမိဘူး'

ဘယ်ဘက်လက်ဖမိုးရဲ့တဆစ်ဆစ်ကိုက်ခဲနေမှုနှင့်အတူ လျှာဖျားတွင်ညှီစို့စို့အရသာတစ်ခုရလိုက်သည်။ အချိန်ဘယ်လောက်ကြာကြာ သူကိုက်ထားခဲ့မှန်းမသိဘူး။

အသိကပ်တော့မှ အသေအချာကြီးကိုနာကျင်မှုကိုခံစားရတယ်..။ ခင်သက်အိမ်အတွက်တော့နာကျင်မှုဟာ ကြမ်းခင်းတွေပေါ်၊ ဘောင်းဘီဖြူဖြူပေါ်မှာ ညစ်ပေသွားအောင်တစ်စက်ချင်းစီးကျနေတဲ့​သွေးစက်တွေကြောင့်မဟုတ်ဘူး။ သူမရဲ့နာကျင်မှုက နှလုံးအိမ်ကလာတာ။ အကောင်အထည်မမြင်ရတဲ့ အတွင်းဒါဏ်ရာကပဲ သေချင်လောက်အောင်နက်လွန်းနေတာ။ အဲ့လိုနာကျင်မှုမျိုးကိုလည်း တစ်ယောက်သော မိန်းမပျိုလေးကပေးတာ။

SoulWhere stories live. Discover now