Part-50 (Unicode)

592 59 15
                                    

ခြေကုန်လက်ပန်းကျနေပေမယ့် တခဏတောင်မနားရသေးဘူး။ မန္တလေးကိုစရောက်ကတည်းက အခုသုံးရက်မြောက်နေ့ ပြန်တဲ့အထိ ရှင်းလိုက်ရတဲ့ပြဿနာတွေ။

ဘယ်အရာမှာမဆို ငွေပုံပေးပြီး ပါးစပ်ပိတ်လို့ရတဲ့ခေတ်မှာ လင်းလက်ကြယ်တို့က အဲ့လိုမလုပ်ချင်ကြဘူး။ ရန်ကုန်ကနေ လှမ်းလျော်ကြေးပေးပြီး သတင်းဖျောက်လို့လို့ရသားပဲ။ ဒါပေမယ့် သူမတို့ဘက်ကပေါ့ဆမှုကြောင့်ထိခိုက်နစ်နာသွားရတဲ့ မိသားစုတွေမို့ လူသိရှင်ကြားတောင်းပန်ဖို့ရွေးချယ်ခဲ့တယ်။ ဒါက တာဝန်သိစိတ်ထက် ကိုယ်ချင်းစာနာစိတ်လေ။

အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးပဲ့သွားရင် အဲ့ဒီမိသားစုဘယ်လောက်ဒုက္ခရောက်မယ်ဆိုတာ ကိုယ်တိုင်မကြုံဖူးပေမယ့် စာနာမိပါတယ်။ ဒါကြောင့်ပဲ ကိုယ်တိုင်ထွက်ဖြေရှင်းဖို့ရွေးချယ်ခဲ့တာ။

သူမအတွက်ပထမဆုံးအကြိမ် တာဝန်ယူရတဲ့ကိစ္စဖြစ်နေတာကြောင့် ဖေဖေကစိတ်ပူတယ်။ မနိုင်ဝန် ထမ်းခိုင်းမိမှာစိုးရိမ်တယ်တဲ့။ အဆင်ပြေကြောင်းဖေဖေ့ဆီဖုန်းဆက်ပြီးတော့ သုံးရက်လုံးအဆက်အသွယ်မရခဲ့တဲ့ ဖုန်းနံပါတ်တစ်ခုကို စိတ်ပျက်လက်ပျက်ပဲထိုင်ကြည့်နေမိတယ်။

အရင်လို တောင်းပန်စကားလေးတောင်မရတော့ဘူးလေ။ မဟုတ်ရင်တောင် ခွင့်လွှတ်ပေးထားပြီးသားပေမယ့် သူ့ဘက်ကတစ်ချက်တောင်အဆက်အသွယ်မလုပ်ဘူး။ နေရက်နိုင်လိုက်တာ။

'ဦးညီ..အိမ်မပြန်ခင် ဒေါ်Yue Mirasan အိမ်ကိုအရင်လိုက်ပို့ပေးပါလား'

'ဟုတ်ကဲ့ မမလေး'

ရန်ကုန်ကိုပြန်ရောက်ရောက်ခြင်း အိမ်ကိုတောင်တန်းပြန်ဖြစ်တာမဟုတ်ဘူး။ ခန္ဓာကမောပန်းနေပေမယ့် သူမစိတ်ကိုတော့မှီမှာမဟုတ်ဘူး။ အခုအချိန်မှာ ချစ်ရသူကိုခဏလောက်ဖြစ်ဖြစ်မြင်ချင်တယ်။ တွေ့ချင်တယ်။

ဒါပေမယ့် ဒေါ် Yue Mirasan ကနဂိုကတည်းက မာနကိုဦးထိပ်ပန်တတ်တဲ့အမျိုးသမီးပဲ။
နေစိမ့်နိုင်သူကတော့ နေရက်ပေမယ့် သူမမှ မနေနိုင်တာ။ လင်းလက်ကြယ်ကတော့ မာနတွေအစား နှလုံးသားကိုပဲပိုပြီးအခွင့်ပေးချင်တယ်။

SoulWhere stories live. Discover now