Part-7

935 38 3
                                    

'ဘာပြဿနာရှိလို့လဲသမီး'

'ကျွန်မမှာ ငါးနဲ့အယ်လ်ကိုဟော အလက်ဂျစ်ရှိတယ်
ဖေဖေ'

'အာ sorry သမီးရာ ဖေဖေမသိခဲ့ဘူး'

'ရပါတယ်'

'ငါးနဲ့ပတ်သတ်တာတွေသိမ်းသွားကြပြီးတော့ အယ်လ်ကိုဟော ပါတာတွေကော'

ဦးကောင်းဆက်အမိန့်ပေးလိုက်တော့ စားဖိုမှူးဖြစ်ဟန်ရှိသူတွေက ဟင်းပွဲတစ်ချို့ကိုလာသိမ်းကြသည် တစ်ချို့ဆိုတာထက်တော်တော်များများလို့ပြောလျှင် ပိုမှန်နိုင်မည် ငါးနဲ့ပတ်သတ်တဲ့ ဟင်းပွဲတွေအပြင် ငါးမပါတဲ့ တစ်ချို့ ဟင်းပွဲတွေကိုပါသိမ်းသွားပုံထောက်ရင် ဟင်းပွဲတွေကို အယ်လ်ကိုဟော အသုံးပြုပြီး ချက်ထားတယ်ဆိုတာ အတပ်ပြောနိုင်သ'ဒီကိစ္စဖေဖေလည်းမသိရပါလားသမီး ဘာလို့မပြောပြတာလဲ'

'ဖေဖေမှ မမေးဖူးတာ'

ပန်းကန်ထဲမှာရှိသည့် အမဲသားတုံးကို ဓားနဲ့ ကျကျနနလှီးရင်း Yue ဖြေလိုက်သည် Yue ရဲ့အဖြေက ထိမိသွားသည်ထင်သည် ဖေဖေ့ဆီက စကားသံထပ်ထွက်မလာတော့

အမဲသားတစ်တုံးကုန်သွားချိန်မှာ ဖန်ခွက်ထဲက ရေကိုတစ်ငုံသောက်လိုက်ပြီး Yue ကိုတစ်စုံတစ်ရာပြောရန် စကားစရှာနေသည်
ဖေဖေ့ကို Yue ကြည့်မနေပေမယ့် ဖေဖေ့ရဲ့ အပြုအမူတွေကိုတော့ Yue သိနေသည်

'တိုက်ခန်းတစ်ခုမှာ အမျိုးသမီးတစ်ဦးတည်းနေတာ အန္တရာယ်မများလွန်းဘူးလား သမီး'

'ကျွန်မနေသားကျနေပါပြီ'

'ဖေဖေစိတ်မချဘူးသမီး'

'ကျွန်မကလေးမဟုတ်ဘူး'

'ဖေဖေ့လူတွေ လွှတ်လိုက်မယ်လေနော်'

'ကျွန်မတစ်ယောက်တည်းပဲ နေချင်တယ်'

'ချစ်သူရှိလားသမီး'

ရုတ်တရက်ကြီးမေးခွန်းပြောင်းသွားတာကြောင့် လက်ထဲက ခက်ရင်းနဲ့ ဓားကို စားပွဲခုံပေါ်တင်လိုက်ပြီး ဦးကောင်းဆက်ကို မော့ကြည့်လာသည်

'ကျွန်မမှာ အချိန်မရှိဘူးဖေဖေ လိုရင်းပဲ ပြောပေးပါ'

'ဖေဖေ့မိတ်ဆွေရဲ့သားနဲ့ သမီးကို နေရာချထားပေးချင်တယ်'

SoulWhere stories live. Discover now