Part-28(Unicode)

1.6K 163 8
                                    

'Bio တွေသေချာပြန်ကျက်ထားနော် မယ်ချို။ မနေ့ညကငါစစ်ကြည့်တာ မှားနေတာတွေရှိတယ်။ နောက်နှစ်ပတ်လောက်ဆိုပဲ စာမေးပွဲဖြေရတော့မယ်'

ဧည့်ခန်းထဲက ခုံမှာငြိမ်ငြိမ်လေးထိုင်မနေဘဲ ဟိုလျှောက် ဒီလျှောက်နှင့်ဂဏာမငြိမ်ဖြစ်နေသည့် အမျိုးသမီးငယ်က နောက်ဖေးမီးဖိုချောင်ဘက်မှထွက်လာသည့် ဆယ်တန်းကျောင်းသူမိချိုကိုတွေ့တော့ သတိတရနဲ့ စာမေးပွဲအကြောင်း​ကိုလှမ်းသတိပေးနေသည်။

'ဟင် မှားနေတာလား။ သေသေချာချာပြန်စစ်ထားရက်နဲ့ ဘယ်နားက မှားသွားတာပါလိမ့်'

ခေါင်းကုတ်လိုက် ဖင်ကုတ်လိုက်နှင့် ကိုယ့်အမှားကိုယ်သေချာမသိသေးဘဲ မရေမရာဖြစ်နေသောသူကြောင့် အနားကိုသွားကာ သတိဝင်အောင်ခေါင်းကိုခပ်ဆတ်ဆတ်လေးတစ်ချက်ခေါက်ပစ်လိုက်သည်။

'တယ် ဒီကောင်မလေးကတော့လေ..။ စာကိုသေချာလုပ်မယ်မရှိဘူး။ လျှမ်းချက်ကတော့ သောက်သောက်လဲပဲ။ အဖြေစာရွက်က ငါ့အခန်းထဲမှာရှိတယ်...သွားယူထားလိုက်။ မှားတာတွေ သေချာပြန်ကြည့်ထား။ မှားတဲ့အပုဒ်တွေ ပြန်ဖြေရမယ်။ ငါပြောတာ ကြားလား'

'ဟုတ်ကဲ့ပါ မမလေးရဲ့'

ထိုအချိန်မှာပဲ ခြံထဲကကားသံကြားလိုက်ရ​တာကြောင့် မယ်ချိုက ချက်ချင်းပဲပြေးထွက်ပြီးကြိုမလို့လုပ်နေတော့ လှမ်းတားလိုက်ကာ

'မသွားနဲ့..သူ့ဟာသူဖွင့်ဝင်တတ်တယ်။ နင်သာ စာသွားကျက်'

အစောပိုင်းကတည်းက စိတ်ကနှောက်သွားတာကြောင့် အထုပ်တွေအများကြီးနှင့် အိမ်ထဲဝင်လာသည့်ယုကိုတွေ့တော့လည်း စိတ်ကကြည်မနေ။ တစ်ယောက်တည်းရှိတဲ့ သူငယ်ချင်းကိုဘာနေနေပစ်ထားခဲ့ပြီး ပြခန်းအတွက်ပဲ အာရုံစိုက်နေသည့်သူကို စိတ်ထဲကနေသာ မေတ္တာတွေအသီသီပို့ပေးနေသည်။

'မယ်ချိုရေ..မမကိုလာကူညီပါဉီးကွယ်။ နဂါးမျက်စောင်းနဲ့ အထိုးခံနေရတော့ တစ်ယောက်တည်းရှိဖို့မနေသာတော့ဘူး'

'ဟီး..လာပြီ လာပြီမမရေ'

အကူညီတောင်းသည့်သူကတောင်းနေသလို ဟိုတစ်ယောက်ကလဲသိပ်မသွားချင်ရှာပါဘူး။ တားချိန်တောင်မရလိုက်ခင်မှာဘဲ လက်ထဲအထုပ်တွေရောက်နှင့််နေပြီးဖြစ်သည်။ပြီးတော့ လင်းဆီကိုမလာသေးဘဲနှစ်ယောက်သားတီးတိုးပြီးဘာတွေပြောနေကြသည်မသိ။ ဂရုမစိုက်ဟန်ပြုကာ ထိုင်ခုံတွင်သာ သွားထိုင်နေလိုက်သည်။

SoulWhere stories live. Discover now