ကုတင်ထက်မှာ ဆေးပုလင်းချိတ်ပြီး မျော့မျော့လေးလှဲနေသည့်အမျိုးသမီးရဲ့ဖြူဖျော့ဖျော့လက်ချောင်းတွေကို ကုတင်အောက်မှာထိုင်နေသည့် အမျိုးသမီးငယ်လေးက သူမရဲ့ခပ်နွေးနွေးလက်တွေဖြင့် ဆုပ်ကိုင်ထားကာ ကိုယ်ငွေ့ပေးနေသည်။
'အခု ဘယ်လိုနေသေးလဲဟင်။ စားချင်တာ တစ်ခုခုရှိလား။ နေကော နေသာရဲ့လား။ ခေါင်းကောမူးနေလား'
'ကြယ် အစ်မအဆင်ပြေပါတယ်ကွယ်...။ ထိုင်ပြီးနားပါဦးလား'
ငါးမိနစ်တစ်ခါကို မရပ်နားစတမ်းကြားနေရသည့် မေးခွန်းတွေမို့ နားထောင်သူက ငြီးငွေ့လာတာတောင် မေးသူက အခုထိပင်ပန်းပုံမပေါ်။
လင်းလက်ကြယ်က လေထုရဲ့ပွတ်တိုက်မှုမှာတင်ပေါက်ထွက်သွားမယ့် ဆပ်ပြာပူဖောင်းတစ်လုံးလိုခံစားနေရတယ်။ သူမရှေ့က နာမကျန်းဖြစ်နေတဲ့ အမျိုးသမီးကိုမြင်တိုင်းမှာ နှလုံးသားတစ်ခုလုံး ကွဲကြေပြီးအပိုင်းအစတွေ ပျောက်ကုန်တယ်လို့ တွေးထင်ရတဲ့ နာကျင်မှုမျိုးနဲ့ တဆစ်ဆစ်လောင်ကျွမ်းနာကျင်နေရတယ်။
'အောက်မှာအေးတယ် ကလေးငယ်လေးရဲ့။ ကြာကြာထိုင်ရင် အအေးပတ်လိမ့်မယ်..။ လာ..ဒီနားကိုလာ'
ပြောရင်းနှင့် ခန္ဓာကိုယ်ပေါ် လွှမ်းခြုံထားသည့် စောင်ကို အနည်းငယ်လှစ်လှပ်ဖွင့်လိုက်ပြီး လူတစ်ယောက်စာလွတ်နေသည့်နေရာလွတ်ဆီသို့ မေးဆတ်ပြလိုက်သည်။ ထိုတော့မှ သူမရဲ့ကြယ်ကလေးက အောက်မှာထိုင်နေရာက ထလာပြီး ဘေးနားအသာလေးလာခွေတော့သည်။
'တစ်ခုခုလိုအပ်နေတယ်ထင်တာ..ကြယ်ဖြစ်နေတာကိုး'
အစောပိုင်းတုန်းက Yue Mirasan ရဲ့အတွေးတွေမှာလစ်ဟာမှုတစ်ခုရှိနေတာ ခံစားမိပေမယ့် ဘာနဲ့ပြန်ဖြည့်ပေးရမှန်းမသိခဲ့ဘူး။ အကြောထဲထိုးသွင်းထားတဲ့ အပ်တွေရဲ့ ဆေးအရှိန်ကြောင့်ပဲလား၊ မဟုတ်ရင် ဗိုက်ထဲက နာကျင်နေသည့် အစိတ်အပိုင်းကြောင့်ပဲဒီလိုလစ်ဟာရသလား မခန့်မှန်းတတ်ဖြစ်နေခဲ့ရတာ။
ထိုအချိန်ထိ...။ ရေမွှေးနံ့ရောထွေးနေတဲ့ ကိုယ်သင်းနံ့သင်းသင်းလေးကို အဆုတ်ထဲ မသွင်းမိခင်အချိန်အထိ သူမရဲ့လစ်ဟာမှုက အလုံးစုံသောအတွေးတို့ကို ကွက်လပ်ဖြစ်စေခဲ့သည်။
YOU ARE READING
Soul