Part-19(Unicode)

1.8K 173 3
                                    

'သေချာလို့လားဟ'

'သြော် သေချာတာပေါ့ဟ။ ဒီသတင်းက ဒီလောက်ပြန့်နေတာကို...။ founder နဲ့ အဲ့တစ်ယောက်ကိုတောင် ဟိုတလောက အတူတွေ့မိသေးတယ်။ သူတို့နှစ်ယောက်က တကယ်လိုက်တာနော်...'

Break time အချိန် ကော်ဖီလာဖျော်ရင်းနဲ့မှ ကြားရတဲ့စကားကြောင့် ထိုကောင်မလေးတွေနှင့် မလှမ်းမကမ်းမှာရပ်ရင်း နားစွင့်နေသည်။ ပုံမှန်ဆို သူများအကြောင်း စိတ်ဝင်စားလေ့မရှိပေမယ့် founder ဆိုတဲ့ စကားစုလေးပါလာတာကြောင့် သူတို့ရဲ့ စကားဝိုင်းအကြောင်းအရာကို အနည်းငယ်စပ်စုချင်မိသည်။

'founder ကမှတရားဝင်မပြောသေးတာ'

'ပါးစပ်က ထုတ်မ​ပြောရုံပဲရှိတာလေ...။ ဒီကိစ္စက တစ်မနက်လုံး ဟိုးလေးတကျော်ကျော်ပဲဟာကို...။ သြော်...လူချမ်းသာတွေရဲ့ အရှိန်အဝါကလည်းမသေးပါလား...။ စေ့စပ်ပွဲကအတည်တောင်မပြုရသေးဘူး...။သတင်းတွေက အရင်ပြန့်နှင့်နေပြီ..'

သူတို့ပြောနေတဲ့ အကြောင်းအရာကို လင်းလိုက်လို့မမှီနိုင်ဖြစ်နေသည်။ စေ့စပ်တယ်....ဘယ်သူကလဲ။ဘယ်လိုမှနားမလည်တော့သည့်အဆုံး ထိုမိန်းကလေးနှဝ်ယောက်ရှေ့သွားကာ

'အာ...ညီမတို့ တစ်မျိုးတော့မထင်ပါနဲ့နော်။ စောနက ပြောနေတဲ့ စေ့စပ်ပွဲဆိုတာက...'

'သြော်...မမ မသိသေးဘူးလား။ Founder နဲ့ အံ့ဘုန်းခန့်ဆိုတဲ့ အစ်ကိုက စေ့စပ်တော့မယ်ဆိုပြီး သတင်းတွေထွက်နေတာ'

ကြားလိုက်ရတဲ့စကားက မျက်လုံးတွေကိုတောင်ပြာဝေသွားစေ​သည်။ စေ့စပ်မယ်...မဖြစ်နိုင်တာ။ တွေ့တာတောင် လပိုင်းလောက်ပဲရှိသေးတဲ့လူနဲ့ စေ့စပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပြီးတော့ လင်းက အစ်မနားမှာပဲ အမြဲနေနေတာလေ။ တကယ်ဟုတ်တယ်ဆို လင်းသိရမှာပေါ့။ ဟင့်အင်း...သတင်းအမှားပဲ။

စိတ်ကိုအားတင်းထားပေမယ့် ရုံးခန်းကိုပြေးသွားတဲ့ ခြေလှမ်းတွေက ယိုင်နဲ့ချင်နေသည်။ မျက်နှာတြွေဖူစုတ်သွားပြီး အထိတ်တလန့်နဲ့ ပြေးလွှားနေတဲ့လင်းကို တခြားလူတွေ ဘာပြောကြသလဲ မမြင်နိုင်တော့သလို ကြားလဲမကြားတော့ဘူး။ ရုံးခန်းထဲကို မဝင်ခင်မှာပဲ စိတ်ကိုလျှော့ချလိုက်ပြီ အသက်ကိုပြင်းပြင်းရှူလိုက်သည်။

SoulWhere stories live. Discover now