Part-15(Unicode)

1.8K 147 4
                                    

'ဖေဖေက မနက်ဖြန်ပြန်လာမယ်တဲ့'

ဘယ်အချိန်ကြည့်ကြည့် အလုပ်နှင့်လက်မပြတ်သည့် အမျိုးသမီးထိုင်နေသည့်ဘေးက ဆိုဖာခုံအလွတ်တွင် လင်းဝင်ထိုင်ရင်းပြောလိုက်သည်။ မဖြစ်နိုင်မှန်းသိတဲ့ ထိုအမျိုးသမီးရဲ့ တုန့်ပြန်မှုကို ရူးရူးမိုက်မိုက် မျှော်လင့်မိချင်သေးသည်။

ကီးဘုတ်ပေါ်မှာ ပြေးလွှားနေတဲ့ လက်ချောင်းနုနုလေးတွေက တဒင်္ဂရပ်တန့်သွားပြီး laptop မှန်သားပြင်မှာ ရှိနေတဲ့ အကြည့်တွေက လင်းဆီ စုပုံကျလာသည်။ထို့နောက် မြတ်နိုးဖွယ်ရာနှုတ်ခမ်းတစ်စုံကလည်း သူမတူတဲ့ အပြုံးလှလှလေးတွေဖန်ဆင်းလိုက်သေးသည်။

'ဟုတ်လား ကောင်းတာပေါ့'

စိတ်ကူးနဲ့ လက်တွေ့မကျပေမယ့် ထင်ထားတဲ့ အတိုင်း​​ဖြစ်လာတော့ ဝမ်းနည်းမှုကြားက အနည်းငယ်ပြုံးမိသေးသည်။

'အင်း'

'ဘာလို့လဲ မပျော်ဘူးလား'

မသိတာလား။ မသိချင်ယောင်ဆောင်နေတာလားဆိုတာကိုတော့ ပြုလုပ်သူ ထိုအမျိုးသမီးကသာ လင်းထက်အသိဆုံးဖြစ်မည်။

'ပျော်ပါတယ်'

ပျော်ပါတယ်လို့သာ ပြောနေပေမယ့် လင်းမျက်နှာထက်မှာ ပျော်ရွှင်မှုအရိပ်အယောင်ရှိမနေ။ ဖေဖေနဲ့မေမေ ပြန်လာမှာမို့ ဝမ်းသာမိပေမယ့် မြတ်နိုးရပါတဲ့ အမျိုးသမီးနဲ့ ခွဲခွာရမှာဖြစ်လို့ ပျော်ရွှင်မှုတို့က အင်အားမပါ။

လင်းအပေါ်စိတ်ဝင်စားမှုမရှိတဲ့ ထိုအမျိုးသမီးကတော့ ဒီခံစားချက်ကို နားလည်မှာမဟုတ်သလို နားလည်ဖို့လည်း ကြိုးစားမှာမဟုတ်ဘူး။

'အင်း'

အသက်မပါတ​ဲ့ အပြုံးတွေပြုံးပြပြီး နေရာက ထသွားတဲ့ ကြယ်ရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တော့ အားမရှိတဲ့အတိုင်းပဲ Yue ဆီပြိုလဲကျလာသည်။ပြီးတော့ ကိုယ်ကိုတိုင်တောင်မသိလိုက်ခင်မှာပဲ ပြိုလဲကျလာတဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ထည့်ထားမိသည်။

'ခနလေးပါပဲ ပင်ပန်းလို့ ခနလောက်ဖြစ်ဖြစ် ဒီအတိုင်းလေးနေပေးပါ'

SoulWhere stories live. Discover now