Part-32

522 29 4
                                    


မျက်လုံးတွေဖွင့်မကြည့်ရသေးခင်မှာပဲ ခေါင်းတစ်ခြမ်းကိုက်မှုကိုစတင်ခံစားလာရသည်။ ဧပြီလလယ်ရဲ့ ညခင်းပိုင်းက ပုံမှန်နေ့ရက်တွေထပ်ပိုပြီး သိသိသာသာပဲပူအိုက်နေတယ်။

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ကြားနေကျနာရီလက်တံအသံတွေအစား မတည်မငြိမ်ဖြစ်နေသည့် ဝင်လေထွက်လေက Yue ရဲ့မျက်နှာတစ်ဝှုက်ကိုရိုက်ခတ်နေသည်။ အချိန်အတော်ကြာသည်အထိ ပိတ်ထားခဲ့တဲ့မျက်လုံးတွေကိုဖြေးညင်းစွာဖွင့်ကြည့်မိတော့ မျက်နှာကျက်ကိုမတွေ့ရပဲ သူမကို ငုံ့ကြည့်နေတဲ့ နူးညံ့တဲ့မျက်ဝန်းတစ်စုံကိုသာတွေ့ရသည်။

'နိုးလာပြီပေါ့..။ ခေါင်းကိုက်နေမယ်ထင်တယ်'

နိုးနိုးခြင်း စီးကြိုပြောသည့်စကားကြောင့် လွန်ခဲ့လေသော အချိန်တစ်ခုရှိအဖြစ်အပျက်တွေက ခေါင်းထဲစီတန်းပြီးပေါ်လာသည်။

အာ..နေပါဦး။ သူတစ်ချိန်လုံး ဒီလိုပဲရှိနေခဲ့တာလား။

စိုးရိမ်စိတ်ဖြင့် ချက်ချင်းကောက်ထထိုင်လိုက်ပေမယ့် Yue ဆီကသာမျက်လုံးမလွှဲသည့်သူကြောင့် သက်ပြင်းသဲ့သဲ့ကိုချလိုက်သည်။

'တစ်ချိန်လုံး ဒီအတိုင်းရှိနေခဲ့တာလား။ ဒီအတိုင်းလေ!?'

'လက်ကနာနေသေးလားဟင်'

Yue ရဲ့မေးခွန်းကို မကြားယောင်ပြုကာ လက်ကခြစ်ရာသေးသေးလေးစိုက်ကြည့်ပြီး ပိုစိုးရိမ်နေသူက သူ့ခြေထောက်တွေသုံးနာရီနီးပါးသွေးလှည့်ပတ်မှု လုံလောက်စွာမရခဲ့သူဆိုတာကိုမေ့လျော့နေပုံရသည်။

'ဟင့်အင်း..မနာဘူး။ ခြစ်မိမိခြင်းက ရုတ်တရက်မို့ စပ်သွားတာ။ သုံးစက္ကန့်ပါပဲ...နောက်တော့ရှိလို့ရှိနေမှန်းတောင်မမှတ်မိဘူး။ ကြယ် အစ်မမေးတာဖြေဦး'

'ကြယ့်ကို အချိန်မရွေးစွန့်ပစ်လိုက်နိုင်တယ်မဟုတ်လား'

'အင်း'

သိထားပြီးသားအဖြေတစ်ခုဖြစ်ပေမယ့် တကယ်တမ်းနားနှင့်ကြားလိုက်ရတော့ ရင်နှင့်မချိစွာ။ နှလုံးသွေးကြောမှတစ်ဆင့် သယ်ဆောင်လာပေးသည့် မျက်ရည်စတွေကို နာနာကျင်ကျင်ပဲပုတ်ခတ်ထုတ်လိုက်သည်။

SoulWhere stories live. Discover now