Part-26(Unicode)

1.6K 183 15
                                    

'မကူညီချင်လည်း မနှောက်ယှက်နဲ့ကြယ်ရယ်'

luggage အတွင်းထည့်ထားသော အဝတ်တွေကို တစ်ခုချင်းပြန်ပြန်ထုတ်ပြီး ဖွနေတာကြောင့် Yue အင်္ကျီခေါက်တာကိုရပ်လိုက်ပြီး စိတ်ရှုပ်ရှုပ်နှင့်အော်မိသည်။ အဲ့တာတောင် ကြယ်က သူ့ကိုပြောတာ မဟုတ်သည့်ပုံစံမျိုးနှင့် အင်္ကျီတွေကိုဆက်ပြီးဖွတာကြောင့် ဘေးနားသွားရပ်ကာ ပါးနှစ်ဖက်ကို အုပ်မိုးကိုင်လိုက်တော့မှ နှောက်ယှက်နေတာတွေရပ်သွားသည်။

'ပြောပါဦး အစ်မရဲ့ကလေးငယ်လေးက ဘာကြောင့် စိတ်အလိုမကျဖြစ်နေရတာလဲ'

'ဘာမှမဖြစ်ဘူး'

သူကိုယ်တိုင်တောင် သတိထားမိရဲ့လားမသိတဲ့ ဆူထွက်နေတဲ့ နှုတ်ခမ်းနဲ့ အကြည့်ချင်းမဆုံတဲ့ မျက်လုံးကတော့ သူသခင်မလိမ်ညာနေပါသည်ဆိုတာကို သက်သေထွက်ဆိုပြနေသည်တဲ့လေ။

'သေချာရဲ့လား..။ အစ်မကို စိတ်ဆိုးနေတာ မဟုတ်ဘူးလား'

'​ပြောပြီးပြီလေ..ဘာမှမဖြစ်ပါဘူးလို့ဆိုနေမှ'

ဒီအတိုင်း စိတ်ကောက်လို့ပြောတဲ့စကားဆိုပေမယ့်လည်း အမှတ်မထင် လေသံမာသွားသည်ဆိုတာကို လင်း သတိထားမိသည်။ မျက်ဝန်းထောင့်မှတစ်ဆင့် အစ်မကိုခိုးကြည့်လိုက်တော့ မျက်နှာလေးညိုးငယ်သွားရသည်ကိုမြင်လိုက်ရသဖြင့် လင်းဆက်ပြီး မမူနိုင်တော့။

'ကြယ် တောင်း...'

'ကြယ်က အစ်မကိုမချစ်တော့ဘူးလားဟင်'

တိုးညင်းသော အသံလေးဖြင့် ရင်ခွင်ထဲတိုးဝင်လာသူ အားမြတ်နိုးမှုတွေနဲ့ ပြန်လည်ထွေးပွေ့ကာ ဖက်ထားလိုက်သည်။

'ဟင့်အင်း..ချစ်တာပေါ့..ကြယ်ဘယ်လောက်တောင် အစ်မကို ချစ်တယ်ဆိုတာ သိတယ်မဟုတ်လား'

'ဘာလို့အော်တာလဲ..အရင်ကဆို တစ်ခါမှတောင် လေသံမာမာမပြောခဲ့ဘူးတာကို..ဘာလို့လဲဟင်..အရင်လို ဆက်မချစ်တော့ဘူးလား'

မသိခဲ့ဘူး။ အမြဲတမ်းခက်ခက်ထန်ထန်နဲ့ ဆက်ဆံတတ်တဲ့အမျိုးသမီးက အသေးစိတ်လေးကအစ လိုက်ခံစားပြီး ဝမ်းနည်းနေတတ်မယ်လို့။

'ကြယ် တောင်းပန်ပါတယ်။ ဒီအတိုင်းပဲ အစ်မကို မသွားစေချင်လို့ စိတ်ကောက်ရင်းနဲ့ အော်သလိုဖြစ်သွားမိတာပါ..အော်လိုတဲ့ဆန္ဒမပါဘဲနဲ့ ဖြစ်သွားခဲ့တာမို့လို့ မဟုတ်တာတွေ လျှောက်မတွေးနဲ့နော်'

SoulUnde poveștirile trăiesc. Descoperă acum